Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-03 22:45:16

5.10.2024 – Saturday Week 26th in Ordinary Time; 
အောက်တိုဘာလ  ၅ရက်၊ ၂၀၂၄၊ ၂၆ကြိမ်မြောက် စနေနေ့   
Luke10:17-24- ဧဝံဂေလိကျမ်း ရှင်လုကာ ၁၀:၁-၁၂  
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သခင်ယေဇူး စေလွှတ်လိုက်တဲ့တပည့်တော်တွေကပြန်လာကြတဲ့အခါ၊ ဝမ်းမြောက်စွာနဲ့ပြန်လာခဲ့ကြပါတယ်။ ယေဇူးနာမအားဖြင့်နတ်ဆိုးတွေထွက်ကြတာကို သူတို့တွေ့ကြုံခဲ့ရလို့ဖြစ်ပါတယ်။ ဝမ်းမြောက်စွာနဲ့ယေဇူးကို အဖြစ်အပျက်တွေ ပြန်လည်ပြောပြကြပါတယ်။ ယေဇူးက“မင်းတို့ကို မြွေ၊ကင်းမြီးကောက်နဲ့ရန်သူတွေကိုနိုင်ရတဲ့အခွင့်ကို ငါပေးတယ်။ သင်တို့ကို ဘယ်ဘေးမျှမညှင်းဆဲရဘူး။ သင်တို့က နတ်ဆိုးတွေကိုနိုင်ရတဲ့အခွင့်ရှိလို့ပဲ ဝမ်းမြောက်ခြင်းမရှိကြနဲ့။ သင်တို့နာမည်တွေကကောင်းကင်စာရင်းမှာဝင်ကြတာကိုဝမ်းမြောက်ကြပါ။”လို့ သခင်ယေဇူးကမိန့်မှာတာကိုတွေ့ရပါတယ်။ကျွန်ုပ်တို့က သခင်ယေဇူးကို မိမိရဲ့အပြစ်မှကယ်တင်သောအရှင်သခင်အဖြစ် ယုံကြည်လက်ခံပြီးပြီဆိုရင် ကျွန်ုပ်တို့သည် အပြစ်စီရင်ခြင်းကိုမခံရတော့ပါ။ ကျွန်ုပ်တို့နာမည်က ကောင်းကင်စာရင်းမှာဝင်သွားပါပြီ။ တကယ်ကြီးမြတ်တဲ့ အခွင့်ကိုရရှိတာကို ကျွန်ုပ်တို့ ဝမ်းမြောက်ရမှာဖြစ်ပါတယ်။ သခင်ယေဇူးနာမကြောင့် ကျွန်ုပ်တို့က နတ်ဆိုးတွေကိုနှင်ထုတ်နိုင်သူ၊ အောင်မြင်မှုအမျိုးမျိုးတွေရရှိနေသူဖြစ်ပါလိမ့်မယ်။မိမိရဲ့အသက်တာကိုပျော်ရွှင်ဝမ်းမြောက်သူဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တကယ်ဝမ်းမြောက်ရမှာက မိမိရဲ့နာမည် ကောင်းကင် စာရင်းမှာ ဝင်သွားတာကိုဝမ်းမြောက်ဖို့ သခင်ယေဇူးကသတိပေးနေပါတယ်။ အိုအဘ၊ ကျွန်ုပ်တို့အပြစ်တွေအတွက် သခင်ယေဇူးကို စေလွှတ်ပေးခဲ့သည့်အတွက်ကျေးဇူးတင်ပါ၏။ ကျွန်ုပ်တို့အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီးအပြစ်ရှိသမျှကိုဆေးကြောပေးခဲ့သော သခင်ယေဇူး၏ ကျေးဇူးတော်ကိုလည်း ချီးမွမ်းပါ၏။ သင်္ဂြိုလိခြင်းကိုခံပြီး သုံးရက်မြောက်နေ့မှာရှင်ပြန်ထမြောက်သော သခင်ယေဇူး၏နာမတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေ။ အာမင်။

Daily Reflection