Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-05 02:55:13

6.10.2024 – 27th Sunday in Ordinary Time;
အောက်တိုဘာလ ၆ ရက်၊ ၂၀၂၄၊ ၂၇ ကြိမ်မြောက် တနင်္ဂနွေနေ့  
Mark 10;2-16- ဧဝံဂေလိကျမ်း ရှင်မာကု ၁၀:၂-၁၆ 
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

လူတချို့က သူငယ်တွေကို သခင်ယေဇူးထံကိုခေါ်လာကြပါတယ်။ ဒီအခါမှာတပည့်တော်တွေက လူတွေကိုအပြစ်တင်ပါတယ်။ သခင်ယေဇူး တွေ့တဲ့အခါမှာ အမျက်တော်ထွက်ပြီး၊ “ထိုသူငယ်တို့ကို ငါ့ထံကိုလာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။”အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရ။” ဟု ယေဇူးကဆက်ပြီးပြောပါတယ်။ဘုရားသခင်နိုင်ငံတော်သည် သူငယ်တွေအတွက်၊ သူငယ်ကဲ့သို့ ခံယူသူတွေ အတွက် ဖြစ်တယ်လို့ ယေဇူးကပြောပါတယ်။ သူငယ်ဆိုတာ အခြေအနေမခိုင်မာသူ၊ ရာထူးရာခံမရှိသူ၊ ခွန်အားမရှိသူ၊ အငယ်ဆုံးသောသူ၊ ပညတ်တရားများကို နားလည်ဖို့အားနည်းသူ၊ မလိုက်လျှောက်နိုင်သူ တွေကိုကိုယ်စားပြုပါတယ်။ ထိုသူတို့ဟာ စိတ်နှလုံးနှိမ့်ချ ရိုးရှင်းစွာနဲ့ သခင်ယေဇူးကို အလုံးစုံအားကိုးပြီး သခင်ယေဇူးထံကိုလာပါက ကောင်းကင်နိုင်ငံတော်ဟာသူတို့အတွက်ဖြစ်ပါတယ်။ ဧဝံဂေလိတရားဖြစ်တဲ့ သခင်ယေဇူးက လူသားတွေ အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာအသေခံခြင်း၊ သင်္ဂြိုလ်ခံခြင်းနဲ့ သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်ခြင်းကို ရိုးရှင်းစွာ ယုံကြည်လက်ခံသူအတွက်ဖြစ်ပါတယ်။ဒါကြောင့် ယနေ့သင်က သူငယ်ကဲ့သို့ သခင်ယေဇူးကို အလုံးစုံအားကိုးပြီး သခင့်ထံလာသူ၊ ဧဝံဂေလိတရားကို ယုံကြည်လက်ခံလိုက်လျှောက်သူဖြစ်ပါက ကောင်းကင်နိုင်ငံတော်က သင့်အတွက်ပဲဖြစ်ပါတယ်။တပည့်တော်တွေအပါအဝင် လူအများကတော့ ကြီးမြတ်တဲ့သူတွေကိုပဲ လက်ခံချင်ကြတယ်။ ပညတ်တရားတွေ လိုက်လျှောက်နိုင်သူကပဲ ဘုရားသခင်နိုင်ငံတော်ကို ဝင်ရမယ်လို့ ထင်ကြတယ်။ ကောင်းကင်နိုင်ငံတော်ဟာ ပညတ်တရားတွေ လိုက်လျှောက်နိုင်လို့၊ ခွန်အားကြီးမားလို့ဝင်ရောက်နိုင်မယ့်နေရာ မဟုတ်ဘူး ဆိုတာကို သခင်ယေဇူးက ပြောနေပါတယ်။ ဒါကြောင့် “သင်တို့လည်း သူငယ်ကဲ့သို့ မခံယူရင် ကောင်းကင်နိုင်ငံတော်ကို မဝင်ရဘူးလို့ သတိပေးနေပါတယ်။အိုအဖ၊ မထိုက်တန်ပါသော်လည်း ဧဝံဂေလိတရားကို ယုံကြည်၍ လို‌က်နာကျင့်ဆောက်တည်ခြင်းဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်ပါ၏။ လူအပေါင်းတို့သည်လည်း ကောင်းကင်နိုင်ငံတော်ကို သူငယ်ကဲ့သို့ ခံယူနိုင်ရန် မစတော်မူပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)