Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-06 03:32:04

7.10.2024 – 27th Monday in Ordinary Time;
အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄၊ ၂၇ ကြိမ်မြောက် တနင်္လာနေ့  
Our Lady of the Rosary Feast
Mark 10;25-37 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၀:၂၅-၃၇
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကျမ်းတတ်ပုဂ္ဂိုလ်တယောက်က“ထာဝရအသက်ကိုရဖို့ ဘာလုပ်ရမလဲ”လို့ယေဇူးကိုမေးပါတယ်။ သူမေးတာက စုံစမ်းနှောင့်ယှက်တဲ့သဘောနဲ့မေးတယ်လို့ဖော်ပြထားပါတယ်။ သခင်ယေဇူးကကျမ်းစာတတ်တဲ့ထိုပုဂ္ဂိုလ်ကို ပညတ္တိကျမ်းထဲမှာဘယ်လိုဖော်ပြထားသလဲလို့ ပြန်မေးလိုက်တော့ကျမ်းတတ်က“သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊အစွမ်းသတ္တိရှိသမျှ၊ဥာဏ်ရှိသမျှနဲ့ချစ်ရမယ်။ ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်ရမယ်။”လို့ ပြန်ပြောတဲ့အခါသခင်ယေဇူးက“ဟုတ်တယ်၊ ဒီလိုလုပ်ရင်ထာဝရအသက်ကိုရမယ်။”ပြန်ပြောပါတယ်။ ကျမ်းတတ်က“ဘယ်သူက ကျွန်တော်နဲ့စပ်ဆိုင်သူလဲ?”လို့ယေဇူးကို ပြန်မေးပါတယ်။ သူ့ကိုယ်သူအပြစ်မရှိဟန်ဆောင်တာ သခင်ယေဇူးကဥပမာတခုပြောပြီး၊အဆုံးမှာ“သွားတော့၊သင်လည်း ဒီလိုပြုလုပ်ပါ။”လို့ ပြောလိုက်ပါတယ်။ သခင်ယေဇူးကဘာမှမဖော်ပြထားတဲ့ ခရီးသွားတစ်ယောက်၊ ယဇ်ပုရောဟိတ်တစ်ယောက်၊ လေဝိလူတစ်ယောက်နဲ့၊ ဆမာရီတန်လူတစ်ယောက်တို့ဖြင့် တိတိကျကျ ဥပမာပေးထားတာတွေ့ရပါတယ်။ ဒုက္ခရောက်နေတဲ့လူကိုပြုစုကူညီခြင်းမပြုပဲ ရှောင်ထွက်သွားသူကယဇ်ပုရောဟိတ်နဲ့လေဝိတို့ဖြစ်ပြီးတော့ပြုစုကူညီသူကတော့ ဆမာရီတန်အမျိုးသားဖြစ်ပါတယ်။ သခင်ယေဇူးက ဘာကြောင့်ဆမာရီတန်အမျိုးကို ဥပမာပေးအသုံးပြုထားတာလဲ? ကိုယ်နှင့်စပ်ဆိုင်သူကိုကိုယ်နှင့်အမျှချစ်ဖို့ရာမှာ ကျွန်ုပ်တို့က မိမိတို့ချစ်မြတ်နိုးတဲ့သူကို သာမဟုတ်ပဲလူမျိုး၊ဓလေ့၊ရိုးရာ၊မိတ်ဆွေ၊ရန်သူမခွဲခြားပဲ ချစ်ဖို့ သခင်ယေဇူးက သင်ပေးနေပါတယ်။သေချာစဉ်းစားကြည့်ရင်ဒီလိုချစ်နိုင်ဖို့ဆိုတာ ကျွန်ုပ်တို့မလုပ်ဆောင်နိုင်တဲ့အရာဖြစ်ပါတယ်။ကျင့်ကြံနေထိုင်နိုင်ရန်ကြိုးစားအားထုတ်ကြပါစို့။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)