Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-02-17 07:16:44
#ဖေဖော်ဝါရီလ (၁၈) ရက် / ကြာသပတေးနေ့  ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၉း ၂၂-၂၅)
#Rev. Brian Joseph (MS)
Posted by M Sulatthtwe
သခင်ယေဇူးက သူ့တပည့်တော်ကြီးတွေကို သူ့နောက်လိုက် တပည့်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုတဲ့ အကြောင်းကို သတိပေး ပြောကြားခဲ့တယ်။ သူ့တို့ဘဝမှာ အခက်အခဲ အတားအဆီးတွေ ဒုက္ခတွေ များစွာကြုံတွေ့ရမယ်ဆိုတာကို မိန့်မြွတ်ပြောဆိုခဲ့တယ်။ သူ့ရဲ့နောက်ကိုလိုက်ပြီး သူ့တပည့် ခရစ်ယာန် တစ်ယောက်ဖြစ်ဖို့ဆို လွယ်ကူတဲ့အရာ မဟုတ်ကြောင်း၊ နေ့ရက်တိုင်းမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး မိမိကားတိုင်ကို မိမိကိုယ်တိုင် ထမ်းပြီး ခက်ခဲတဲ့ခရီးလမ်းကို လျှောက်ကြရမှာပဲဖြစ်ပါတယ်။ ဒါတွေအပေါ်မှာ တွေးကြောက်မနေဖို့ သခင်ယေဇူးက ခွန်အားပေးစကားကို မိန့်ကြားခဲ့ပါတယ်။ သခင်ယေဇူးက ငါ့အတွက် အသက်ဆုံးရှုံးသောသူသည် အသက်ကိုရလိမ့်မည်။ လို့ ခိုင်မာတဲ့ ကတိပေးချက်ကို ပေးခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီကလည်း ဒီနေ့ မိမိကိုယ်ကို ပြန်လည်ထောက်ရှု စဉ်းစားရမှာက ကျွန်တော်တို့ တစ်ဦးချင်းစီဟာလည်း သခင်ခရစ်တော်ရဲ့ စစ်မှန်တဲ့ နောက်လိုက်တပည့်ကောင်းတွေ ဖြစ်သလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒုက္ခအခက်အခဲတွေ အတားအဆီး အနှောင့်အယှက်တွေကြုံမှ ဘုရားသခင်ကို သတိရ ဆုတောင်းတဲ့သူ ဖြစ်နေသလား၊ မိမိရဲ့ ခရစ်ယာန် ဘဝအသက်တာကို အမှန်တကယ် ရှင်သန်နေထိုင် အသက်ရှင်နေလား ဆိုတာကို ပြန်လည်သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ အခက်အခဲ အတားအဆီးတွေ ကြုံပါစေ ဘုရားသခင်ပေါ်မှာ ယုံကြည်ခြင်းအပြည့်နဲ့ နေထိုင်အသက်ရှင်ဖို့ လိုအပ်ပါတယ်။ ထာဝရအသက်ဆိုတဲ့ သခင်ယေဇူး ပြောကြားခဲ့တယ် ကောင်းကင်နိုင်ငံတော်ကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီက သခင်ယေဇူးရဲ့ နောက်လိုက် တပည့်ကောင်း၊ ခရစ်ယာန်ကောင်းတွေအဖြစ် မိမိပတ်ဝန်းကျင်မှာ စံနမူနာပြနေထိုင် အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ကျေးဇူးတော်တွေကို ဘုရားသခင်ထံမှာ ဆက်လက်ဆုတောင်း ကျင့်ကြံနေထိုင် သွားကြပါစို့..
 
#Rev. Brian Joseph (MS)
Daily Reflection