23.8.2023 – 20th Week in Ordinary Wednesday
သြဂုတ်လ (၂၃) ရက် ၂၀၂၃ (၂၀) ကြိမ်မြောက် သာမန်ကာလ၊ ဗုဓ္ဒဟူးနေ့
Mt, 20: 1-16 ရှင်မာတေးဦး (၂၀:၁-၁၆)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ရက်ရောသဒ္ဓါခြင်းဟာလူတစ်ယောက်ရဲ့စိတ်ထဲကအရှိကိုအရှိတိုင်းထွက်ပေါ်လာတဲ့အတိုင်းလုပ်ဆောင်ကာဖြစ်တဲ့အတွက် ဘယ်သူကမှသူကိုကန့်ကွက်လို့၊ပြစ်တင်ဝေဖန်လို့မရပါဘူး။ဒါကသူရဲ့စေတနာ၊သူရဲ့ရက်ရောသဒ္ဓါခြင်းပဲဖြစ်ပါတယ်။ဒီကနေ့ ခရစ်တော်ပြောတဲ့ပုံဥပမာမှာလည်းဘုရားရဲ့ရက်ရောသဒ္ဒါခြင်း၊စေတနာမေတ္တာထားခြင်းကိုဘယ်သူ့မှမေးခွန်းမထုတ်နိုင်ကြောင်းသင်ကြားပေးခဲ့ပါတယ်။အဲဒီလိုသာမေးခွန်းထုတ်မယ်ဆိုရင်မိမိဟာမာနာလိုလို့၊ အလိုကြီးလို့ပဲဖြစ်ပါတယ်။ကိုယ်ဘက်က ဘုရားပေးတဲ့ကျေးဇူးတော်များကို ကျေးဇူးသိတက်တဲ့စိတ်နဲ့အမြဲရေတွက်ပြီး ကျေးဇူးတင်နေဖို့ပဲရှိပါတယ်။ကျေးဇူးသိတတ်တဲ့သူကိုဘုရားရှင်ကချစ်တယ်။ပြီးတော့ပိုပြီးတော့တောင်းပေးချင်တဲ့စိတ်သူ့မှာဖြစ်လာပါတယ်။ဒါကြောင့်ကျွန်ုပ်တို့လည်း ကိုယ့်ထက်သာတဲ့တစ်ပါးသူကိုကြည့်ပြီးဘုရားကိုမေးခွန်းထုတ်နေမဲ့အစားရရှိထားသောကျေးဇူးတော်များအတွက်ကျေးဇူးသိတတ်သောစိတ်ကိုမွေးမြူးကြပါစို့။