24.8.2023 – 17th Week in Ordinary Thursday/ Feastday of St. Bartholomew, Apostle.
သြဂုတ်လ (၂၄) ရက် ၂၀၂၃ (၂၀) ကြိမ်မြောက် သာမန်ကာလ၊သောကြာနေ့
John 1: 45-51 - ရှင်ယောဟန် (၁:၄၅-၅၁)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ အသင်းတော်ကြီးက တပည့်တော်ကြီး (၁၂)ပါးထဲက တစ်ပါးဖြစ်တဲ့ တပည့်တော်ကြီးဘာတိုလိုမေဦးရဲ့ ပွဲကိုကျင်းပနေပါတယ်။သူရဲ့စိတ်ထားသန့်ရှင်းဖြူစင်းခြင်းကိုခရစ်တော်ကိုယ်တိုင်ထုတ်ဖော်ချီးမွမ်းခဲ့ပါတယ်။အင်မတန် စိတ်ထားဖြူးစင်တဲ့အတွက်ဘုရားကိုလည်းသူဖူးမျှော်ရလိမ့်မယ်လို့ ခရစ်တော်ကြိုပြီးဟောတော်မူပါတယ်။မင်္ဂလာတရား(၈)ပါးထဲမှာ ပါဝင်တဲ့တစ်ပါးသောမင်္ဂလာကတော့စိတ်နှလုံးဖြူစင်သောသူတို့သည်ဘုရားရှင်ကို ဖူးမျှော်ရလိမ့်မည်လို့ဆိုထားပါတယ်။စိတ်နှလုံးဖြူစင်ရိုးသားတဲ့သူတွေဟာ မိမိကိုယ်ကို အရှိကို အရှိအတိုင်းလက်ခံတယ်။ကောက်ကျစ်စင်းလဲခြင်း၊လိမ်ညာပြောဆိုခြင်းမရှိဘူး၊အမှန်တရားကိုလက်ခံနိုင်တယ်၊ဝန်ခံနိုင်တယ်၊ကလေးလေးတစ်ယောက်ရဲ့စိတ်နှလုံးသာရှိတယ်။အပြစ်ကင်းစင်တယ်။ဒါကြောင့်မို့လဲအပြစ်ကင်းစင်ပြီး၊ဖြူစင်သန့်ရှင်းတဲ့ဘုရားကိုဖူးမြင်နိုင်ခြင်းဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကိုလည်းဖြူစင်သန့်ရှင်စွာအမြဲထားဖို့ကြိုးစားအားထုတ်ကြပါစို့။