26.8.2023 – 20th Week in Ordinary Saturday
သြဂုတ်လ (၂၆) ရက် ၂၀၂၃ (၂၀) ကြိမ်မြောက် သာမန်ကာလ၊စနေနေ့
Mt.23: 1-12 - ရှင်မာတေးဦး (၂၃:၁-၁၂)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ခေါင်းဆောင်ကောင်းဆိုတာ အပြောနဲ့အလုပ်တစ်ထပ်ထဲ၊တစ်သားထဲကျအောင်နေထိုင်ကျင့်ကြံတဲ့သူတွေပဲဖြစ်ပါတယ်။မိမိရဲ့နောက်လိုက်တွေကိုမြောက်များလှတဲ့စည်းကမ်းချက်တွေကိုလိုက်နာနိုင်ပြီးမိမိကတော့မလိုက်နာတဲ့အပြင်ဟန်ဆောင်ခြင်းနဲ့နေထိုင်ခြင်းကခေါင်းဆောင်ကောင်းမပီသဘူးဆိုတာကိုပြသနေပါတယ်။ခရစ်တော်ဟာမိမိဟောတာကိုမိမိကိုယ်တိုင်ကျင့်သောသူဖြစ်ပြီးမိမိကြောင့်သူတစ်ပါးကိုဝန်ထုတ်ဝန်ပိုးမဖြစ်စေပဲ၊မိမိသာလျှင်အနစ်နာခံသောသူဖြစ်တဲ့အတွက်စံပြခေါင်းဆောင်ကောင်း နံပါတ်တစ်ဖြစ်ပါတယ်။ကျွန်ုပ်ကောဘယ်လိုမျိုးခေါင်းဆောင်မျိုးဖြစ်ပါသလဲ။အပြောနဲ့အလုပ်နဲ့ကိုက်ညီပါသလား။ငယ်သားများအတွက်အနစ်နာခံပေးပါသလား။ကိုယ်ကြောင့် ငယ်သားတွေဝန်ထုတ်ဝန်ပိုးထမ်းနေရပါသလား။ငယ်သားများအတွက်ရှေ့ဆောင်လမ်းပြဖြစ်ပြီးလား။