27.8.2023 –21st Week in Ordinary Time ,Sunday
သြဂုတ်လ (၂၇) ရက် ၂၀၂၃ (၂၁) ကြိမ်မြောက် သာမန်ကာလ၊ တနင်္ဂနွေနေ့
Mt.16: 13-20 - ရှင်မာတေးဦး (၁၆:၁၃-၂၀)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
‘Who do people say that I am?’ ဒီမေးခွန်းက ခရစ်တော်ကိုယ်တိုင်သူရဲ့တပည့်တော်ကြီးများကိုမေးတဲ့မေးခွန်းဖြစ်ပါတယ်။ဘယ်သူမဆိုမိမိနဲ့ပတ်သတ်တဲ့ဝေဖန်မှုကိုကြားချင်ကြပါတယ်။သူတစ်ပါးရဲ့ဝေဖန်ခြင်းကနေမိမိရဲ့အားသာချက်၊အားနည်းချက် လိုအပ်ချက်တွေကိုသိရှိလာနိုင်ပါတယ်။ဒီလိုသိရှိလာတဲ့အခါမှာအပြုသဘောအနေနဲ့လက်ခံပြီး၊မိမိရဲ့ဘဝကိုလိုသလိုထိန်းကျောင်းပေးလိုက်တဲ့အခါလှပတဲ့အရာတွေပေါ်လာပါတယ်။ဒါကြောင့်ခရစ်တော်တောင်မိမိနဲ့ပတ်သက်လို့လူတွေရဲ့ဝေဖန်မှုကိုတောင်းခံတယ်ဆိုရင်၊ ကျွန်ုပ်တို့လည်းလူတွေရဲ့ဝေဖန်သုံးသပ်မှုကို လိုလိုလားလားကြိုဆိုလက်ခံသင့်ပါတယ်။ လူတွေဝေဖန်မှုကိုလက်ခံဖို့ကြောက်နေမယ်ဆိုရင်ကိုယ်ဘယ်လိုမျိုးသောလူဆိုတာကိုစုံလင်စွာသိရှိနိုင်မှာမဟုတ်ပါဘူး။အဲဒီလိုမသိရှိခြင်းကလူသားတစ်ယောက်အနေနဲ့ ကြီးထွားမှုကိုပိတ်ဆို့တားဆီးပါတယ်။ဒါကြောင့်ပြည့်ဝစုံလင်လှပတဲ့ဘဝကိုရယူပိုင်ဆိုင်နိုင်ဖို့ခရစ်တော်ကဲ့သို့ Who do people say I am? ဆိုတဲ့မေးခွန်းကို မကြောက်မရှက်ပဲမေးနိုင်ရန်ကြိုးစားကြပါစို့။