Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-02 08:12:17

28.8.2023 – 21st Week in Ordinary Monday
သြဂုတ်လ (၂၈) ရက် ၂၀၂၃ (၂၁) ကြိမ်မြောက် သာမန်ကာလ၊တနင်္လာနေ့ 
Mt.23: 13-22 - ရှင်မာတေးဦး (၂၃:၁၃-၂၂)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သူတော်ကောင်းယောင်းဆောင်သောကျမ်းတက်ဆရာနှင့်ဖာရိဇေဦး သင်တို့သည်အမင်္ဂလာရှိကြ၏။အသက်တစ်ရာမနေရပေမဲ့အမှုတစ်ရာမွေးရတဲ့ကိစ္စများမြောင်လူတောင် လောကမှာအယောင်ဆောင်ကင်းဖို့ ယနေ့ဧဝံဂေလိကျမ်းကနှိုးဆော်ထားပါတယ်။အယောင်ဆောင်တယ်ဆိုတဲ့စကားလုံးကိုကျွန်ုပ်တို့နှလုံးသားမှာ အောင့်သက်သက်ခံရတက်ပါတယ်။သူတော်ကောင်းယောင်းဆောင်နေမယ်ဆိုရင်ကျွန်ုပ်တို့တွေဟာယနေ့ဧဝံဂေလိကျမ်းထဲကကျမ်းတတ်ဆရာနှင့်ဖာရီဇေဦးတွေနှင့်အတူတူပါဘဲ။ ဒါကြောင့်မိမိရဲ့အပြစ်ကိုဆောင်လေညှင်းနဲ့ဧည့်ခံပြီးတစ်ပါးသူရဲ့အပြစ်ကိုမောင်းထုပြီးဝေဖန်ခြင်းကိုရှောင်ကြည်ရပါမယ်။ဖြောင့်တဲ့သစ်ပင်တက်ရခက်သလို၊မှန်တာစကားပြောရင်နားထောင်ရခက်ပါတယ်။ဒီနေ့အမိအသင်းတော်ကြီးမှာSt.Augustine ရဲ့ပွဲနေ့ကိုကျင်းပနေ ကြပါတယ်။St. Augustine ကမိမိရဲ့အပြစ်တွေအတွက်အယောင်အဆောင်ကင်းတဲ့နှလုံးသားနှင့်လက်ခံပြီးဘုရားထံသွားတဲ့အခါ ဘုရားရှင်ကလက်ခံပါတယ်။ထိုနည်းတူကျွန်ုပ်တို့လည်းအယောင်အဆောင်ကင်းတဲ့နှလုံးသားနဲ့ဘုရားရှင်ထံသွားမည်ဆိုလျှင်ဘုရားရှင်ကကျွန်ုပ်တို့ကိုဝမ်းသာအားရကြိုဆိုလက်ခံမှာအသေအချာပါ။မိမိရဲ့အပြစ်အမှားအတွက်မနှောင်သောနောင်တနှင့်မပြောင်းလဲရင်ကျွန်ုပ်တို့၏ဝိညာဉ်ကယ်တင်ခြင်းဆုံးရှုံးပါလိမ့်မည်။အပြစ်ကင်းတဲ့နှစ်လုံးသားဟာကောင်းကင်တက်တဲ့လှေခါးနှင့်တူပါတယ်။ယောင်ဆောင်ကင်းတဲ့နှလုံးသားနဲ့ခရီးဆက်ကြပါစို့။

Daily Reflection