Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-08-28 04:54:45

29.8.2023 – 21st Week in Ordinary Tuesday
The Martyrdom of St. John the Baptist
သြဂုတ်လ (၂၉) ရက် ၂၀၂၃ (၂၁) ကြိမ်မြောက် သာမန်ကာလ၊အင်္ဂါနေ့ 
Mk. 6: 17-29 - ရှင်မာကု (၆:၁၇-၂၉)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကျွန်မတို့နေထိုင်ရာလူကမ္ဘာမှာလူအမျိုးမျိုးစိတ်အထွေထွေလို့ဆိုစမှတ်ပြုထားတဲ့အတိုင်းလူအမျိုးမျိုးဟာကွဲပြားခြားနားပါတယ်။လောကဘဝမှာအမှားအမှန်၊အလင်းအမှောင်၊အနီးအဝေး၊ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း၊အတက်အဆင်း၊အနိမ့်အမြင့်၊အကောင်းအဆိုးစိတ်ကောင်း၊စိတ်ယုတ်တာအမြဲကပဲဒွန်တွဲနေပါတယ်။ဒီကနေ့ကျမ်းစာတော်မြတ်ထဲမှာပါတဲ့အဓိကဇတ်ဆောင်(၃)ယောက်ဖြစ်တဲ့John the Baptist,Herod နဲ့ Herodiesတို့ဟာလည်းလောကမှာလူ့စိတ်အမျိုးမျိုးကွဲပြားခြာတယ်ဆိုတာကို သက်သေပြနေပါတယ်။ဦးစွာပထမရှင်ယောဟန်ဘဝကိုကြည့်မယ်ဆိုရင်လူ့အလိုမလိုက်၊လူ့အကြိုက်မဆောင်ဘဲဘုရားမျက်နှာကိုပဲ ကြည့်ကာဖြစ်သင့်တဲ့အရာကိုမကြောက်မရွံ့ အမှန်တိုင်းပြောလိုက်တဲ့အတွက်ခေါင်းဖြတ်သတ်ခံရတဲ့ အထိဖြစ်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်။မှန်တာပြောရင်ရွာပြင်ထုတ်ခံရတယ်လို့ဆိုရိုးရှိပါတယ်။မှန်ပါတယ်။ကျွန်မတို့ရဲ့မျက်မှောက်ခေတ်နိုင်ငံတော်ကိုကြည်မလား။အဖွဲ့အစည်းတွေကိုကြည့်မလား။မိတ်ဆွေအပေါင်းအသင်းတွေကိုကြည့်မလား။အမှန်ပြောတဲ့သူတွေကိုဘေးဖယ်ထားတတ်ကြပါတယ်။ ဒါကြောင့်ဘေးဖယ် ထားခြင်းခံရမှာ မကြောက်ဘဲ အမှန်တရားကိုရဲရဲဝံ့ဝံ့ပြောဖို့အမှန်တရားအတိုင်းအသက်ရှင်ဖို့ ဒီကနေ့ ရှင်ယောဟန် ရဲ့ဘဝအားဖြင့်မီးမောင်းထိုးပြနေပါတယ်။ ဟေရုဒ်မင်းကြီးဟာသူအရမ်းကျေနပ်ပျော်ရွှင်နေတဲ့အချိန်မှာမစဉ်းစားမဆင်ခြင်းဘဲကတိတစ်ခုကိုလွယ်လွယ်ပေးခဲ့တဲ့အတွက်တစ်ပါးသူရဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်ခဲ့ပါတယ်။ဟေရုဒ်ရဲ့လုပ်ရပ်ကိုကြည့်ခြင်းဖြင့်စကားတစ်ခွန်းကိုလွယ်လွယ်မပြောဖို့၊ကတိတစ်ခုကို လွယ်လွယ်မပေးဖို့၊ကျွန်မတို့ကိုသင်ခန်းစာပေးနေပါတယ်။နောက်ဆုံးတစ်ယောက်ကတော့Herodlesဖြစ်ပါတယ်။အရှိကိုအရှိအတိုင်းလက်မခံခြင်း၊အတ္တကြီးခြင်း၊သူတစ်ပါးကိုလက်စားချေခြင်းစတဲ့အရာတွေဟာအပျက်သဘောဆောင်ပြီးမကောင်းတဲ့အရာတွေကိုပဲဖြစ်စေတယ်ဆိုတာHerodles ရဲ့စရိုက်ကို ကြည့်ခြင်းဖြင့်သိရှိနိုင်ပါတယ်။လောကမှာလူအမျိုးမျိုးစိတ်အထွေထွေရှိတယ်။ဆိုပေမဲ့ကောင်းတဲ့အရာတွေကိုပဲကျွန်မတို့အတုယူရမှာ ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျမ်းစာတော်မြတ်အားဖြင့်မျက်နှာပျက်မှာ၊အမုန်းခံရမှာမကြောက်ဘဲအမှန်တရားကိုပြောဖို့စကားတစ်ခွန်းကိုလက်လွတ်စပယ်မပြောဖို့၊အရှိကိုအရှိတိုင်းလက်ခံဖို့သူတစ်ပါးကိုလက်စားမချေခွင့်လွှတ်တက်ဖို့သွန်သင်နေပါတယ်။

Daily Reflection