30.8.2023 – 21th Week in Ordinary Wednesday
သြဂုတ်လ (၃၀) ရက် ၂၀၂၃ (၂၁) ကြိမ်မြောက် သာမန်ကာလ၊ဗုဒ္ဓဟူးနေ့
Mt.23: 27-32 - ရှင်မာတေးဦး (၂၃:၂၇-၃၂)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဤကနေ့ကျမ်းစာတော်မြတ်မှာဆိုရင်ခရစ်တော်ဘုရားသခင်ကကျွန်ုပ်တို့တစ်ဦးချင်းစီစိတ်နှလုံးသားဖြူစင်ပြီး၊သူတစ်ပါးကိုအကောင်းမြင်ဖို့နှိုးဆော်နေပါတယ်။စိတ်နှလုံးသားကဘုရားရှင်ကိုချီးမွမ်းထောပနာပြုဖို့ပါ။သူတစ်ပါးကိုဝေဖန်ကဲ့ရဲ့ဖို့မဟုတ်ပါဘူး။ဒီကနေ့ကျမ်းစာတော်မြတ်ထဲမှာဆိုရင်လည်းဖာရိဇေဦးတို့ကကိုယ်မှာရှိတဲ့ကိုယ်တတ်ထားတဲ့ပညာကိုအသုံးမပြုဘဲသူတစ်ပါးရဲ့အားနည်းချက်ကိုဝေဖန်နေပါတယ်။ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကသန့်စင်ပြီး၊တစ်ပါးသူအကြင်နာမေတ္တာတရားထားဖို့ပါ။ ကျွန်ုပ်တို့စိတ်တွေသန့်စင်မှာဘဝကိုပြုပြင်နိုင်မှာပါ။ကိုယ်သာစိတ်ကောင်းကောင်းထားရင်လောကမှာကောင်းစားတဲ့သူအများကြီးပါ။ခွဲခြားတဲ့စိတ်ထားဟာလူတွေကို ကွဲပြားစေတယ်။မေတ္တာစိတ်နဲ့လှုပ်ရှားကြရင်ကမ္ဘာကြီးရဲ့အရှုပ်များကိုဖယ်ရှားနိုင်မှာပါ။ဖာရိဇေဦးတို့ကအပြင်တစ်မျိုးအတွင်းစိတ်တစ်မျိုးလူတိုင်းကိုဆက်ဆံကြတယ်၊တစ်ခါတစ်လေကျွန်ုပ်တို့လည်းဟန်ဆောင်တက်ကြတယ်။ကိုယ်ကတစ်ခုခုလုပ်မယ်ဆိုရင်စိတ်ရော၊ကိုယ်ပါလုပ်သင့်ပါတယ်။အတွင်းမှာစိတ်ပုတ်ဆိုရင်ကိုယ်ဘာပဲလုပ်လုပ်အောင်မြင်မှုကရှိနိုင်ပါဘူး။သူတစ်ပါးကောင်းတာလုပ်ရင်တတ်နိုင်သမျှချီးမွမ်းရမယ်။လူတစ်ဦးရဲ့စိတ်ဓါတ်ကသူရဲ့လုပ်ရပ်နဲ့ပင်သိနိုင်ပါတယ်။ကျွန်ုပ်တို့ကသူတစ်ပါးကိုပြောဆိုပြစ်တင်နေမဲ့အစားသူတစ်ပါလုပ်ရပ်ကိုအကောင်းမြင်ပေးသင့်ပါတယ်။ရှင်သန်နေရတဲ့လူဘဝမှာလူသားတိုင်း၊လူသားတိုင်းကအားနည်းချက်ကိုယ်စီနဲ့ လျှောက်လှမ်းနေရတာပါ။သူတစ်ပါရဲ့အားနည်းချက်ကို ပြစ်တင်ဝေဖန်နေမယ်ဆိုရင်ကိုယ်ကလည်းသူများရဲ့ဝေဖန်မှုပြန်လည်ရရှိမှာဖြစ်ပါတယ်။ဖာရိဇေဦး တို့တွေရဲ့စိတ်နေစိတ်ထားကအမြစ်မပါဘဲသစ်ပင်လိုပါပဲ။တစ်ခုတစ်လေမှာကိုယ်ပတ်ဝန်းကျင်ကိုမကြည့်ဘဲလုပ်လိုက်တဲ့အရာတစ်ခုကအခြားသူကိုအထိနာစေပါတယ်။ကိုယ်ဘာပဲလုပ်လုပ်၊ဘာပဲပြောပြောသူတစ်ပါးထိခိုက်၊နစ်နာရမယ်အရာမျိုးကိုရှောင်ကြည်သင့်ပါတယ်။