Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-08-30 21:23:41

31.8.2023 – 21th Week in Ordinary Thursday
သြဂုတ်လ (၃၁ရက် ၂၀၂၃ (၂၁ကြိမ်မြောက် သာမန်ကာလ၊ကြာသပတေးနေ့
Mt.24: 42-51 ရှင်မာတေးဦး (၂၄:၄၂-၅၁)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သတိနှင့်စောင်နေကြလော့၊သင်တို့မမျှော်လင့်သောအချိန်နာရီ၌လူသားသည်ကြွလာလိမ့်မည်။ဤကနေ့ကျမ်းစာတော်မြတ်ကဆိုရင်အကျွန်ုပ်တို့အားလုံးရဲ့စိတ်ဝိညာဉ်ကို အချိန်တိုင်းမှာအကောင်းဆုံးပြင်ဆင်ပြီးနေဖို့ပြောထားတာကိုတွေ့ရပါတယ်။ကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်ကို အမြဲပြင်ဆင်ပါကကြောက်စရာမလိုတော့ပါဘူး။အချိန်ဆိုတာကျွန်ုပ်တို့ဘဝအတွက်ဘုရားပေးလက်ဆောင်တစ်ခုပါ။ကျွန်ုပ်တို့ဟာဘုရားအတွက်ဆိုရင်အချိန်မရှိဘူးလို့ပြောတက်ပါတယ်။ကျွန်ုပ်တို့ပျော်ပွဲစာထွက်မလားရုပ်ရှင်ကြည့်မလား?အလှပြင်မလား?အတင်အဖျင်းပြောမလား?ဆိုရင်တော့ကျွန်ုပ်တို့မှာအမြဲတမ်းအချိန်ရှိပါတယ်။အချိန်ကိုရှိအောင်လုပ်တာကလူတော်တွေရဲ့အလုပ်ပါ။တစ်ရက်နဲ့တစ်ရက်ငါဘယ်လိုမျိုးအကျိုးရှိအောင်အသုံးပြုနေလဲ?ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။လောကမှာဘယ်လိုမျိုးနေထိုင်အသက်ရှင်မယ်ဆိုပြီးစဉ်းစားပါ။လောကီအရာတွေကိုကျွန်ုပ်တို့သိတယ်။လောကုတ္တရာအတွက်ကျွန်ုပ်တို့ဘာလုပ်မလဲဘယ်လိုမျိုးပြင်ဆင်မလဲ။အချိန်ဘယ်လိုမျိုးအကျိုးရှိအောင်အသုံးချမလဲဆိုပြီးတွေးတော်ပါ။သေခြင်းတရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာကိုမကြောက်ပါနဲ့။သင့်ကိုသိတဲ့လူတွေကသင့်ရဲ့အပြင်ပိုင်းကိုသာသိတာဖြစ်တယ်။သင်ကိုသိတဲ့ဘုရားအတွက်အသက်ရှင်ပါ။ဘုရားကသင့်ရဲ့အတွင်းစိတ်ကိုသိတဲ့သူဖြစ်တယ်။ဘဝကိုတန်ဖိုးထားပါ။သတိဝိရိယဖြင့်အချိန်ပြည့်စောင့်နေရင်းအဆင်သင့်ပြင်ဆင်ကြပါစို့။

Daily Reflection