Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-02 08:18:15

1.9.2023 – 21st Week in Ordinary Friday
စက်တင်ဘာလ (၁) ရက် ၂၀၂၃ (၂၁) ကြိမ်မြောက် သာမန်ကာလ၊သောကြာနေ့ 
Mt.25: 1-13 - ရှင်မာတေးဦး (၂၅:၁-၁၃)
Reflection by Rev. Fr. Joseph (MS)
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

ဒီကနေ့ကျမ်းစာတော်မြတ်ထဲမှာပညာရှိသောသတို့သမီးငါးယောက်နဲ့ ပညာမဲ့သောသတို့သမီးငါးယောက်အကြောင်းကို သခင်ယေဇူးကနေပြီးတော့ပြောကြားခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။သူတို့ဆယ်ယောက်ဟာဘယ်အချိန်မှာသတို့သားလာမယ်ဆိုတာကိုမသိတဲ့အတွက်အဆင်သင့်စောင့်နေရမယ်။နိုးနိုးကြားကြားနဲ့သတို့သားလာတဲ့အချိန်ကိုစောင့်ရမယ်ဆိုတာကိုသူတို့အားလုံးသိရှိပြီးသားပဲဖြစ်ပါတယ်။ဒါပေမဲ့ပညာရှိတဲ့သတို့သမီးငါးယောက်ကပဲလိုအပ်တဲ့အရာတွေကိုပြင်ဆင်ပြီးစောင့်နေတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ကျန်တဲ့ပညာမဲ့တဲ့သတို့သမီးငါးယောက်ကတော့မပြင်ဆင်ခဲ့တဲ့အတွက်သတို့သားနဲ့အတူမင်္ဂလာဆောင်ပွဲကိုဝင်ခွင့်မရခဲ့ကြပါဘူး။ဒီကနေ့ဒီအကြောင်းအရာလေးကနေပြီးတော့ကျွန်တော်တို့ အားလုံးကိုတရားပေးနေတဲ့အချက်ကပြင်ဆင်ခြင်းဆိုတာက အရေးကြီးတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်နေ့တိုင်းမှာပြင်ဆင်မှုလေးတွေလုပ်တတ်ကြတယ်။နက်ဖြန်အတွက်ဆိုတာကိုပြင်ဆင်တဲ့သူရှိမှာပါ။ပညာရှိတဲ့သတို့သမီးငါးယောက်လိုပြင်ဆင်ပြီးတော့စောင့်နေဖို့ဆိုတာကကျွန်တော်တို့ခရစ်ယာန်တစ်ယောက်ချင်းစီအတွက်အရေးကြီးတဲ့အချက်လည်း ဖြစ်ပါတယ်။ဒီပြင်ဆင်ခြင်းဆိုတဲ့အချက်ကိုသခင်ယေဇူးပြောကြားနေတာကကျွန်တော်တို့တစ်ဦးချင်းစီရဲ့ဘဝမှာလက်ရှိဘဝနေထိုင်အသက်ရှင်ဖို့ပြင်ဆင်သလို ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ဝိညာဉ်အတွက်လည်းအဆင်သင့်ပြင်ဆင်ရမယ်။ကောင်းတဲ့ခရစ်ယာန်တွေခရစ်တော်ရဲ့နောက်လိုက်သားသမီးတွေအဖြစ်သခင်ယေဇူးဟောကြားခဲ့တဲ့တရားတော်တွေအတိုင်းလိုက်ကျင့်နေထိုင်ပြီးမိမိရဲ့ဝိညာဉ်ရေးအတွက်လည်းပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာကိုတရားပေးနေခြင်းပဲဖြစ်ပါတယ်။

Daily Reflection