2.9.2023 – 21st Week in Ordinary Saturday
စက်တင်ဘာလ (၂) ရက် ၂၀၂၃ (၂၁) ကြိမ်မြောက် သာမန်ကာလ၊နေ့
Mt.25: 14-30 - ရှင်မာတေးဦး (၂၅:၁၄-၃၀)
Reflection by Sem. Robert Khai Thawn Kim (MS)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
(ငွေအပ်ထားခြင်းပုံဥပမာ)“သေးငယ်သောအမှု၌သစ္စာရှိသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။”ဒီနေ့ကြားနာရသည့်ကျမ်းစာတော်မြတ်တွင် ငွေအပ်ထားခြင်းပုံဥပမာကိုကြားနာရပါသည်။အလုပ်သမားသုံးယောက်ထဲမှနှစ်ယောက်ကတိုးပွားအောင်ပြုလုပ်သော်လည်းအခြားတစ်ယောက်ကမလုပ်နိူင်ခဲ့ပါ။ထို့ကြောင့်သူ့ဆီမှနူတ်ယူပြီး၊အခြားသူများအားထပ်လောင်း၍ပေးတော်မူခဲ့ပါသည်။လူဘဝတွင်ဘုရားပေးတဲ့ကျေးဇူးတော်အမျိုးမျိုး(Talents)ရှိပါသည်။တစ်ဦးနှင့်တစ်ဦးဘုရားပေးပုံမတူညီပါ။ဘုရားသခင်ကကျွန်ုပ်တို့ တစ်ဦးချင်းစီကိုအရည်အချင်းပေးတော်မူ၍ထိုအရာတို့ကိုအသုံးပြုစေလိုကြောင်းကိုသတိပေးနေပါသည်။ကိုယ်ရရှိ ပိုင်ဆိုင်သောTalents ကျေးဇူးတော်များကိုတိုးပွားအောင်ဘုရားကအလိုရှိသောကြောင့်ဤပုံဥပမာကို ဟော ပြောနေခြင်းဖြစ်ပါသည်။ဘုရားအလိုရှိသည့်အတိုင်းလုပ်ဆောင်ပါကဒီနေ့ကြားနာရသည့်ဧဝံဂေလိကျမ်းစာအတိုင်း“ကောင်းလေစွ၊သစ္စာရှိသောငယ်သားကောင်း။”(ရှင်မာတေးဦး ၂၅း၂၃)ဟုဘုရားသခင်ကကျွန်ုပ်တို့ကိုချီးမွမ်းစကားဆိုပြီး၊ယုံကြည်စိတ်ချရခြင်းကိုခံရမည်မှာဧကန်မုချဖြစ်၏။သို့သော်တိုးပွားအောင်မလုပ်ဆောင်နိူင်ပါက၊ဘုရားအလိုတော်အတိုင်းမပြုလုပ်ပါက“ဆိုးမိုက် ပျင်းရိသောသူ”(ရှင်မာတေးဦး ၂၅း၂၆)ဟုကျိန်ဆိုခြင်းခံရပါမည်။ထို့ကြောင့်ကျွန်ုပ်တို့ဘဝမှာလောကခရီးသည်ဖြစ်သောကြောင့်ကိုယ်သွားမည့်ပန်းတိုင်ကောင်းကင်ထာဝရကိုပိုင်ဆိုင်စေလိုသောဘုရားရှင်၏အလိုဆန္ဒကိုသိဖို့အရေးကြီးပါသည်။လောကမှာ အကောင်းနှင့်အဆိုးဟူသော“ဘုရား”(ထာဝရကောင်းကင်)နှင့်နတ်ဆိုး(ငရဲ)ဟူ၍နှစ်မျိုးရှိပါသည်။သင်ကဘယ်လမ်း၊ဘယ်သူ့ဘက်မှာပါချင်သလဲ?ကိုယ်သွားချင်၊လိုက်ချင်သူ၏ အလိုဆန္ဒကိုတော့လိုက်နာ၊လုပ်ဆောင်ဖို့လိုပါသည်။ကောင်းသောငယ်သားကောင်းအဖြစ်အသက်ရှင်နေထိုင်ရန်ဒီကနေ့ကျမ်းစာတော်မြတ်အားဖြင့်တရားပေးနေပါသည်။