Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-02-23 22:06:20
#ဖေဖော်ဝါရီလ (၁၉) ရက် / သောကြာနေ့  ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၉း၁၄-၁၅)
#ဘရာသာရ် ဘားနတ် (MS)
Posted by M Sulatthtwe
ဒီကနေ့ရဲ့ ကျမ်းစာဖြစ်သော ရှင်မာတေဦး (၉း၁၄-၁၅)မှာ သံယောဟန်ရဲ့ နောက်လိုက်တပည့်တွေက သခင်ယေဇူးကို အစာရှောင်ခြင်းနှင့်ပတ်သက်၍ မေးခွန်းမေးခြင်းအပေါ် သခင်ခရစ်တော်ဘုရားရှင်က ပြန်လည်ဖြေကြားခဲ့သော အကြောင်းအရာကို ဖတ်ရှု့ခဲ့ရပါသည်။ သူတို့မေးခဲ့သောမေးခွန်းကို သခင်ခရစ်တော်က မင်္ဂလာပွဲကျင်းပနေသော မင်္ဂလာအခမ်းအနားတစ်ခုဖြင့် ခိုင်းနှိုင်းဖြေကြားခဲ့ပါသည်။ မင်္ဂလာဆောင်အခမ်းအနား ကျင်းပနေချိန်မှာ သတို့သားဟာ အဓိကပုဂ္ဂိုလ်ဖြစ်တဲ့အလျောက် သတို့သားရှိနေချိန်၊ ပွဲကျင်းပနေချိန်မှာ ပွဲလာပရိသတ်အားလုံး ပျော်ရွှင်ကာစားသောက်နေရမည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ ထိုပုံဥပမာကို မိန့်တော်မူခြင်းအားဖြင့် သခင်ခရစ်တော်က သူဘယ်သူဖြစ်တယ်ဆိုတဲ့အကြောင်းကို ဖော်ပြနေခြင်းပင်ဖြစ်သည်။ မိမိကိုယ်ကို မင်္ဂလာသတို့သားအဖြစ် ခိုင်းနှိုင်းဖော်ပြပြီး၊ တပည့်တော်ကြီးများက ပွဲလာပရိတ်သတ်အဖြစ် ဖော်ညွှန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သူနှင့် အတူရှိနေချိန်တွင် တပည့်တော်များအနေဖြင့် ဝမ်းမြောက်ခြင်းဖြင့် ပြည့်ဝကာ အစာရှောင်ရန် မလိုအပ်ကြောင်း သွန်သင်ခြင်းပင်ဖြစ်သည်။ ဘုရားရှင်ကိုယ်တိုင် လူသားတစ်ဦးနေဖြင့် သူတို့အလယ်တွင် အတူတူရှိနေသည်ကို သတိမမူမိကြသော ဖာရီဇေဦးများကို သူသည် ဘုရားရှင်ဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။ 
ဓမ္မဟောင်းခေတ်ကာလ ဥပဒေများတွင်မူ အစာရှောင်ခြင်းသည် ဝမ်းနည်းခြင်း၊ ဆင်းရဲဒုက္ခခံခြင်း စသော သင်္ကေတကို ဖော်ဆောင်ပါသည်။ အပြစ်အတွက် ဒါဏ်ဆပ်ဖြေသောအခါ အစာရှောင်ကြသည်။ ထို့အတူ ဘုရားသခင်နှင့် ပိုမိုထိတွေ့ခွင့်ရရှိရန်၊ သန့်ရှင်းစင်ကြယ်ခြင်း ရရှိကြရန် စသော ဝိညာဉ်ရေးကျင့်စဉ်တစ်ခုလည်း ဖြစ်ပါသည်။ သခင်ခရစ်တော်ဘုရားရှင် ကိုယ်တိုင်လည်း ရက်ပေါင်း(၄၀) အစာရှောင်ကာ ဆုတောင်းခဲ့ပါသည်။ တပည့်တော်များကို အစာရှောင်ကာ ဆုတောင်းကြရန်လည်း တိုက်တွန်းခဲ့ပါသည်။  အစရှိသည့်ကောင်းမွန်တဲ့ ပါရမီတွေကို ပေးစွမ်းသော အစာရှောင်ခြင်းကို သခင်ယေဇူးကိုယ်တိုင်က ဘာလို့မလိုအပ်သောအရာဟု မိန့်တော်မူခဲ့သနည်း။ ယနေ့ သခင်ယေဇူးဘုရားရှင် မိန့်တော်မူသော အစာရှောင်ရန် မလိုအပ်ခြင်းသည် ဘုရားသခင် ကိုယ်တိုင် သူတို့ကြားတွင် လူသားတစ်ဦးအနေဖြင့် သက်ရှိထင်ရှား ရှိနေသောကြောင့် ဝမ်းနည်းပူဆွေးစရာ မလိုဘဲလျက် ပျော်ရွှင်ဝမ်းမြောက်မှုရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သခင်ခရစ်တော်က သူကိုယ်တိုင်သည် အသစ်သော ဥပဒေဖြစ်ကာ ဥပဒဟောင်းတွင် ရှိမနေကြတော့ဘဲလျက် ယခုလက်ရှိအချိန် သူတို့နဲ့အတူ သူကိုယ်တိုင် တည်ရှိနေခြင်းက ဝမ်းမြောက်ပျော်ရွှင်သော ဘဝအသက်တာဖြစ်ကြောင်း မီးမောင်းထိုးပြနေခြင်းပင်ဖြစ်သည်။ ကြှနျုပျတို့ ဘဝအသက်တာထဲမှာရော သခင်ခရစ်တော်ရှိနေရဲ့လား?၊ ခရစ်ယာန်တစ်ဦး ဖြစ်နေလျက် ဝမ်းနည်းပူဆွေးခြင်းများဖြင့် ပြည့်နေတုန်းလား?၊ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ခရစ်ယာန်တစ်ဦး ဖြစ်နေလျက် ဝမ်းနည်းမှုတွေနဲ့ ပြည့်နေအုံးမယ်၊ မျော်လင့်ချက်တွေ ပျောက်နေအုံးမယ်ဆိုရင် မိမိရဲ့ယုံကြည်ခြင်းကို ဆန်းစစ်ကြည့်ကြဖို့ လိုနေပါပြီ။ ငါသည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားဖြစ်သည်၊ အသက်လည်းဖြစ်သည်ဟု သခင်ယေဇူး မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ခရစ်တော်ဘုရားရှင်ရဲ့ သွန်သင်မှုတွေ၊ သူလျှောက်ခဲ့သော လမ်းစဉ်များကို လိုက်ကျင့်နေထိုင်ခြင်းဖြင့် ဘုရားသခင်ကို ပိုင်ဆိုင်သောသူဖြစ်လာမည်။ ကြှနျုပျတို့အသကျတာတှငျ သခင်ခရစ်တော်ရဲ့ တည်ရှိနေခြင်းက ပျော်ရွှင်မှုများနှင့် ပြည့်၀သောဘဝကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ထိုပျော်ရွှင်မှုတွေကိုလည်း တပါးသူတွေကို ဝေမျှကြပါစို့။ Your absence is our Joy မဖြစ်စေဘဲ သခင်ခရစ်တော်၏ တည်ရှိခြင်းသည်  မိမိအတွက် ပျော်ရွှင်ခြင်းဖြစ်သလို Your presence is our Joy မိမိ၏တည်ရှိခြင်းသည်လည်း တပါးသူအတွက် ပျော်ရွှင်ခြင်းဖြစ်စေရန် ကြိုးစားကြစို့၊ အာမင်။
 
#ဘရာသာရ် ဘားနတ် (MS)
Daily Reflection