Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-02 08:02:38

3.9.2023 – 22nd Sunday in Ordinary Time
စက်တင်ဘာလ (၃) ရက် ၂၀၂၃ (၂၂) ကြိမ်မြောက် သာမန်ကာလ၊ တနင်္ဂနွေနေ့ 
Mt.16: 21-27 - ရှင်မာတေးဦး (၁၆:၂၁-၂၇)
Reflection by Rev. Fr. Michael Kyaw Swar Naing, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)    

ကျွန်တော်တို့အဖွဲ့အစည်းတိုင်းမှာလည်း အဖွဲ့အစည်း၏စည်းမျဉ်းလိုက်နာမှသတ်မှတ်ထားတဲ့အရည်အချင်းနဲ့ပြည့်မှီမှအဖွဲ့သူ/သားဖြစ်နိုင်သလိုဘဲဒီကနေ့ ၂၂ ကြိမ်မြောက်သာမာန်တနင်္ဂနွေနေ့မှာလည်းသခင်ဘုရားကဖိတ်ခေါ်ထားတာကတော့သူ့နောက်လိုက် (သို့)သူ့တပည့်ဖြစ်မည့်သူမှာရှိရမည့်အရည်အချင်းကိုသွန်သင်နေတယ်။“မိမိကိုယ်ကိုငြင်းပယ်၍ မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းကာငါ့နောက်သို့လိုက်စေတဲ့”ဒီကျမ်းစာတော်မြတ်နှင့်အပြိုင်ရှင်လုကာ (၁၄း၂၅-၃၃)မှာဘာရေးထားလဲဆိုရင်“မိမိလက်ဝါးကပ်တိုင်ကိုမထမ်းဘဲငါ့နောက်သို့လိုက်သောသူသည်ငါ၏တပည့်မဖြစ်နိုင်ရာ။”ဒါကြောင့် စိန့်ပေါလ်ကသူ့အကြောင်းဘာရေးထားလဲဆိုရင်ငါသည်ဘဝင်မမြင့်စေရန် ဆူးငြောင့်တစ်ခုကိုငါ၏ခန္ဓာကိုယ်ထဲတွင်ထားပေး၏။ ထိုဝေဒနာကို ဖယ်ရှားပေးရန်သခင်ဘုရားထံ၃ကြိမ်တောင်းခံခဲ့တယ်။ဒါပေမဲ့ဘုရားသခင်ကဘာတုံ့ပြန်လဲဆိုရင်“ငါ၏ကျေးဇူးတော်သည်သင့်အတွက်လုံလောက်ပေ၏”(ဒုကော် ၁၂း၇-၁၀)။ ထမ်းကြရမှာဘဲ၊ခက်ခဲခြင်းတွေကြုံကြရမှာဘဲ။ တဖက်မှာလဲ ဘုရားသခင်ရဲ့စကားကိုသတိရကြပါ။(မာတေဦး ၂၈း၂၀)ငါသည်ကား ကမ္ဘာကုန်သည့်တိုင်အောင်သင်တို့နှင့်အတူအစဉ်ရှိမည်။}ဒါကြောင့်ဒုက္ခ၊ အခက်အခဲ၊နာကျင်မှုတွေကိုအဓိပ္ပါယ်ရှိစွာခံထမ်းပါ။ဒီဒုက္ခထဲမှာမှဘုရားသခင်ကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။

Daily Reflection