4.9.2023 – 21st Week in Ordinary Monday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် (၂၁) ကြိမ်မြောက် သာမန်ကာလ၊တနင်္လာနေ့
Lk. 4: 16-30 - ရှင်လုကာ ၄း ၁၆-၃၀
Reflection by Rev. Fr. Michael Kyaw Swar Naing, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်တော်တို့လူတစ်ယောက်ရဲ့အပြုအမူကိုကြည့်ပြီးတော့ဇောတကတက်ကြသလိုဘဲ။သခင်ဘုရား၏သွန်သင်ချက်ကိုကြည့်ပြီးလူတွေလည်းဒီကနေ့ဒွိဟရှိကြတယ်။ဒါကြောင့်ဒီကနေ့ကျမ်းပိုဒ်အဆုံးပိုင်းမှာဘာရေးသားဖော်ပြထားလဲဆိုရင်“တွန်ချခြင်းငှါခေါ်ဆောင်သွားကြ၏”(အပိုဒ် ၉)ကျွန်တော်တို့ဘဝမှာလည်းထိုနည်းတူဘဲအခက်အခဲအတားအဆီးရှိလျှင်ငါ့ကျမှဘာကြောင့်ဖြစ်ရတာလဲ…Why on me?ဆိုပြီးမေးခွန်းတွေမေးတတ်လာတယ်။ဘုရားအပေါ်ဒွိဟရှိတတ်လာကြတယ်။ရသေ့ဘုန်းတော်ကြီးတစ်ပါးရဲ့သြဝါဒအရ“ဒုက္ခဆိုတာဘာ(nothing)နဲ့မှမပေါင်းရင်အဖြေကဒုက္ခဘဲထွက်မယ်။ဒါပေမဲ့ ဒုက္ခဆိုတာဘုရားနဲ့ပေါင်းစပ်မယ်ဆိုရင်သုခဖြစ်မယ်ဆိုပြီးသင်္ချာသဘောအတွေးလေးတခုမိန့်ခဲ့ဖူးတယ်။ဒါကြောင့်သူများအမြင်မှာဒုက္ခလို့ မြင်ပေမဲ့ ဘုရားနဲ့ပေါင်းစပ်တဲ့သူအတွက်ကြတော့ဒါကိုလုပ်ရတာပျော်နေတယ်။ဥပမာမယ်တော်သခင်မဘဝကိုဘဲကြည့်အမျိုးသားမပါဘဲလူ့ပတ်ဝန်းကျင်မှာကိုယ်ဝန်ဆောင်ခြင်းဟာသူမအတွက်ဘယ်လောက်ဒုက္ခရောက်လိုက်မလဲ။ဒါပေမဲ့တုံ့ပြန်တဲ့အခါမှာ ဘုရားနဲ့ပဲလက်ခံလိုက်တဲ့အခါမှာဒါဟာသူမအတွက်ကျေးဇူးတော်ဖြစ်သွားခဲ့တယ်။ဒါကြောင့်ဒုက္ခကိုဘုရားနဲ့အတူခံထမ်းပြီးကျေးဇူးတော်အဖြစ်ပြောင်းလဲနေထိုင်သွားကြပါစို့။