Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-05 05:43:59

6.9.2023 – 22nd Week in Ordinary Wednesday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၆) ရက် (၂၂) ကြိမ်မြောက် သာမန်ကာလ၊ဗုဓ္ဒဟူးနေ့ 
Lk. 4: 38-44 - ရှင်လုကာ ၄း ၃၈-၄၄
Reflection by Rev. Fr. Michael Kyaw Swar Naing, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

သူမအတွက်ကိုယ်တော့်ကိုတောင်းလျှောက်ပေးကြ၏။(V.38)ဒီကနေ့ကျမ်းစာတော်မြတ်ထဲမှာ၎င်းပတ်ဝန်းကျင်မှာရှိနေကြတဲ့လူပုဂ္ဂိုလ်များရဲ့ဘုရားအပေါ်ယုံကြည်ခြင်းကိုတွေ့ကြရတယ်။ဤယုံကြည်ခြင်းကြောင့်ဘုရားသခင်ထံမှ စီမွန်၏ ယောက္ခမသည်ပြင်းထန်သောအဖျားရောဂါခံစားရခြင်းမှပျောက်ကင်းခြင်းကုသမှုကျေးဇူးတော်ကိုရရှိခဲ့တယ်။ဒါကြောင့် ဘုရားသခင်ကကုသမှုပြုလုပ်တိုင်းသုံးတဲ့ဝါကျလေးတစ်ခုရှိပါတယ်။(Luke7:50)သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ်တင်လေပြီဆိုတဲ့အရာပဲ။ဒါကြောင့်ယုံကြည်ခြင်းဆိုတာရိုးရိုးလေးတွေးတောမယ်ဆိုရင်ဖြင့်ဘုရားသခင်ကိုမိမိဘဝမှာလက်ခံလိုက်ခြင်းမည်၏။(ယေရမိအနာဂတိကျမ်း ၁း၈)မှာယေရမိကိုဘုရားသခင်ကသူ့အမှုတော်ထမ်းဆောင်ဖို့စေလွှတ်တော့။သူဘယ်လိုငြင်းလည်းဆိုရင်သူကငယ်သေးတယ်။ဘာပြောရမှန်းသူမသိဘူး.ယေရမိကကြောက်တာပေါ့။ဒါပေမဲ့ဘုရားသခင်ကဘာပြောလဲဆိုရင်မကြောက်နဲ့။မင်းဘာပြောရမလဲ။ဘာလုပ်ရမလဲဆိုတာကိုဝိညာဉ်တော်ကဦးဆောင်မယ်။ဘာကြောင့်ယုံကြည်ခိုင်းလဲဆိုရင်ငါမင်းနဲ့ အတူရှိတယ်။ဒါကြောင့်ဘုရားအပေါ်ယုံကြည်ခြင်းနဲ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။နေထိုင်ပြနိုင်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဘဝမှာလည်း ဒီကနေ့စီမွန်၏ယောက္ခမကုသခြင်းတန်ခိုး အံဖွယ်ရာကိုရရှိပိုင်ဆိုင်သွားသလို၊ကျွန်တော်တို့ဘဝမှာလည်း ဧကန်မုချတန်ခိုးအံဖွယ်ရာအဖြစ်ပျက်တွေရရှိမှာဖြစ်ပါတယ်။ဘုရားအပေါ်ယုံကြည်ပြီး၊ဒီယုံကြည်တဲ့အတိုင်းနေထိုင်သွားကြပါစို့။သက်သေခံသွားကြပါစို့။

Daily Reflection