Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-06 05:36:54

7.9.2023 – 22nd Week in Ordinary Thursday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက် (၂၂) ကြိမ်မြောက် သာမန်ကာလ၊ ကြာသပတေးနေ့ 
Lk. 5:1-11 - ရှင်လုကာ ၅း ၁-၁၁
Reflection by Rev. Fr. Michael Kyaw Swar Naing, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

Vocation is a call from God ခေါ်တော်မူခြင်းဆိုတာဘုရားကခေါ်ခြင်းဖြစ်တယ်။နောက်တနည်းပြောရရင်ဘုရားရဲ့အသံနားထောင်ခြင်းဖြစ်တယ်။ဒီကနေ့ဘုရားသခင်ပြောတဲ့အသံ“ရေနက်ရာကိုရွှေ့လော့” ကြားပြီးစီမွန်ကဘာတုံ့ပြန်လည်းဆိုရင်ကျွန်ုပ်ချပါမည်။နားထောင်လိုက်တဲ့အခါမှာသူတို့ဘဝမှာတန်ခိုးအံ့ဖွယ်ရာဖြစ်ပျက်ပြီးဘုရားသခင်ဘယ်သူလဲဆိုတာသိသွားခဲ့တယ်။ထို့နောက်ကျမ်းစာအဆုံးပိုင်းမှာဘာရေးထားလဲဆိုရင်(V.11)မှာရှိသမျှအရာတို့ကိုစွန့်ခဲ့၍နောက်တော်သို့လိုက်ကြလေ ၏။ဘုရားသခင်နောက်လိုက်တော့မယ်ဆိုရင်အဓိကကတော့ကိုယ်တွယ်တာတဲ့အရာတွေ၊အလုပ်တွေ၊ပုဂ္ဂိုလ်တွေကိုထားခဲ့ကြရတော့တာဘဲ။(လုကာ ၉း ၆၂)မှာသခင်ဘုရားမိန့်ဆိုခဲ့တာကတော့“ထွန်တုံးကိုကိုင်ပြီးနောက်လှည့်ကြည့်တဲ့သူသည်ငါနဲ့ဘုရားသခင်နှင့်မထိုက်တန်ဘူး။ဒါကြောင့်ခေါ်တော်မူခြင်းဆိုတာအသက်မွေးဝမ်းကျောင်းလုပ်ငန်းမဟုတ်ပါဘူး။ခေါ်တော်မူခြင်းဆိုတာကတိဝန်ခံချက်တစ်ခုဖြစ်တယ်။ဒါကြောင့် ပေးဆပ်တာပေါ့၊စွန့်လွှတ်ရဲတာပေါ့ဘာဖြစ်လို့လဲဆိုရင် ဒါဟာ Commitment ဖြစ်လို့လေ။ဒါဟာကောင်းတယ်။(Value)တန်ဖိုးရှိတယ်ဆိုတာသိလို့လေ။ဒါကြောင့်ခေါ်တော်မူခြင်းသည်ဆေးကြောခြင်းခံယူပြီးတိုင်းပုဂ္ဂိုလ်တိုင်းသည်ဘုရားရှင်ခေါ်သံကိုတုံ့ပြန်ပြီး လုပ်ဆောင်ဖို့လိုတယ်။သူတော်စင်မှမဟုတ်ပါဘူး မိမိကျရာတာဝန်ကိုဘုရားပေးတာဝန်ကဲ့သို့ဘုရားရဲ့စိတ်ဓါတ်နှင့်လုပ်ဆောင်မယ်။တာဝန်ယူမယ်ဆိုရင်ဒါဟာလည်းထိုက်တန်တဲ့ခေါ်တော်မူခြင်းအခြေအနေမှာတည်ရှိနေခြင်းဖြစ်သည်လို့ကျွန်တော်လက်ခံတယ်။

Daily Reflection