Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-07 08:16:26

8.9.2023 – Nativity of the Blessed Virgin Mary
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက် အမိမယ်တော်သခင်မ မွေးနေ့
Matthew 1:18-23 - မာတေဦး ၁း ၁၈-၂၃
Reflection by Rev. Fr. Michael Kyaw Swar Naing, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

“ဧမာနူအဲလ်၏အဓိပ္ပါယ်ကားငါနှင့်အတူရှိတော်မူသောဘုရား”ဟုဆိုလိုသတည်း(အပိုဒ် ၂၃)ဒီကနေ့မှာအသင်းတော်မှာတခမ်းတနားမယ်တော်သခင်မရဲ့မွေးနေ့ကို ကျင်းပကြတယ်။ကျွန်တော့်စိတ်ထဲမှာသုံးသပ်ဖို့တစ်ခုဘာရောက်လာလဲဆိုရင်မယ်တော်သခင်မကသိကြားမင်းဂါဗြေအဲလ်ကိုတုံ့ပြန်တဲ့စကားလေးကိုပြန်လည်သတိရစေမိခဲ့တယ်။(လုကာ ၁း၃၈)သင်၏စကားအတိုင်းကျွန်မ၌ဖြစ်ပါစေ။တချို့က ဘာရေးကြလဲဆိုရင်ဒါဟာမယ်တော်သခင်မရဲ့Vision ဖြစ်တယ်။ဒီမေတ္တာလေးအားဖြင့်ဒီVisionအားဖြင့်သူမနေထိုင်တဲ့ဘဝမှာဒီကနေ့ကျမ်းစာတော်မြတ်ထဲကသုံးထားတဲ့“ဧမာနူအဲလ်”ဘုရားသခင်က သူမရဲ့ဘဝတလျှောက်အတူရှိသွားတော့တာပေါ့။ဒါကြောင့်ကျွန်တော်တို့ဘဝမှာလည်းမယ်တော်ရဲ့သားသမီးပီပီဒီမေတ္တာလေးဆိုတတ်ဖို့၊ကျင့်ကြံဖို့လိုပါတယ်။ကျွန်တော်၊ကျွန်မဘဝမှာကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေလို့ဆိုတတ်ဖို့လိုတယ်။ကျွန်တော်တို့ဟာတခါတလေဖြစ်တယ်။My will be done.ငါ့အလိုတော်အတိုင်းနေထိုင်သွားတတ်ကြတယ်။တချို့ကဘာတောင်ရေးကြလဲဆိုရင်ဒီကနေ့ မယ်တော်မွေးနေ့မှာမယ်တော်ကိုBirthday wish တောင်းရင်သူမဘာဖြေမလဲဆိုရင်ကာနန်မြို့လက်ထပ်ပွဲမှာစပျစ်ရည်ကုန်တော့ သူမသုံးတဲ့စကားပဲသူမပြန်သုံးလိမ့်မယ်။“သူစေခိုင်းသမျှကိုပြုလုပ်ကြလော့”(ယောဟန် ၂း၅)ဘုရားရဲ့အလိုတော်အတိုင်းနေထိုင်ဖို့ဘဲသူမကကျွန်တော်တို့ကိုတိုက်တွန်းမှာဘဲ။ဒါကြောင့်သူမထင်ရှားပြတိုင်းဘုရားဆီပြန်သွားဖို့၊ဘုရားလမ်းကိုပြန်ရွေးဖို့ဘဲသူမတိုက်တွန်းအားပေးလေ့ရှိတယ်။ဒါကြောင့်မယ်တော်သခင်မကိုမွေးနေ့လက်ဆောင်ပေးတဲ့အနေဖြင့်အမြဲတမ်းဘုရားရဲ့အလိုတော်အတိုင်းနေထိုင်ပြီးအရာအားလုံးထက်ဘုရားကိုချစ်နိုင်ရန်ဒီကနေ့မှာကတိပေးသွားကြပါစို့။ ကြိုးစားကြပါစို့။

Daily Reflection