10.9.2023 – 23rd Week in Ordinary Time, Sunday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက် (၂၃) ကြိမ်မြောက် သာမန်ကာလ၊ တနင်္ဂနွေနေ့
Matthew 18:15-20
Reflection by Rev. Fr. Henry Aung Myo Kyaw, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“No man is island”လူဆိုသည်မှာတစ်သီးပုဂ္ဂလနေ၍မရသောသတ္တဝါပင်ဖြစ်ပါသည်။နေ့စဉ်နှင့်အမျှကျွန်ုပ်တို့အားလုံးတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံကြရပေသည်။ကျွန်ုပ်တို့အားလုံးသည် ခရစ် တော်၏နာမတော်၌ ညီအကိုမောင်နှမတွေဖြစ်ကြပါသည်။ထို့နည်းအတူပင်ကျွန်ုပ်တို့နှင့်ပေါင်းသင်းဆက်ဆံလုပ်ကိုင်နေကြသောသူအားလုံးသည်ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများဖြစ်ကြပါသည်။ယနေ့ကျမ်းစာတော်မြတ်၌ခရစ်တော်ဘုရားရှင်ကကျွန်ုပ်တို့အားလုံးကိုတာဝန်တစ်ခုပေးနေပါသည်။ထိုအရာကတော့မိမိကိုယ်တိုင်အပြစ်အနာအဆာကင်းစွာနေထိုင်ကြရမည်ဖြစ်သလိုကိုယ့်ရဲ့ညီအစ်ကို မောင်နှမများ၏ အပြစ်အမှားများကိုလည်းလမ်းမှန်ပေါ်ရောက်အောင်သင်ကြားလမ်းညွှန်ပေးဖို့ခရစ်တော်ဘုရားရှင်အလိုရှိတော်မူပါသည်။ခရစ်ယာန်ဘဝအသက်တာဆိုသည်မှာဖယောင်းတိုင်ပမာမိမိဘဝအသက်တာကို တောက်လောင် အပူဇော်ခံပြီး တစ်ပါးသူအား အလင်းပေးရသည့် ဘဝအသက်တာ ဖြစ်ပါသည်။ကျွန်ုပ်တို့အားလုံးသည်လည်း ဘုရားရှင်၏ ချစ်သားသမီးများပီပီ တစ်ပါးသူများအားမိမိဘဝအသက်တာဖြင့်အလင်းပေးကြဖို့ရန်လည်းကောင်း၊လမ်းကောင်းပြသပေးဖို့ရန်လည်းကောင်းကူညီမှုများပြုလုပ်ဖို့ရန်လည်းကောင်းခရစ်တော်ဘုရားရှင် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါသည်။