Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-10 07:54:41

11.8.2023 – 23rd Week in Ordinary Monday
၂၀၂၃ စက်တင်ဘာလ ၁၁ ရက် (၂၃) ကြိမ်မြောက် သာမန်ကာလ၊တနင်္လာနေ့ 
Lk. 6:6-11- ရှင်လုကာ ၆း ၆-၁၁
Reflection by Rev. Fr. Henry Aung Myo Kyaw, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့ကျမ်းစာတော်မြတ်၌ခရစ်တော်ဘုရားရှင်ကဥပုသ်နေ့မှာလက်တစ်ဖက်သေနေသောလူတစ်ယောက်ကိုကုသပေးခဲ့ပါသည်။ဂျုးလူမျိုးတို့၏ဓလေ့ထုံးစံအရဥပုသ်နေ့တွင်ထိုကဲ့သို့သောအမှုကိစ္စများကိုမပြုလုပ်ရန်တားဖြစ်ထားပါသည်။ခရစ်တော်ဘုရားရှင်ကဂျူးလူမျိုးတို့၏ဓလေ့ထုံးစံများနှင့်ဥပုသ်နေ့၏ဥပဒေသများကိုမသိ၍မဟုတ်ပါ။သို့ဖြစ်လျှင်အဘယ်ကြောင့်ခရစ်တော်ဘုရားရှင်ထိုဥပဒေသကိုချိုးဖောက်ခဲ့သနည်း။အဖြေကတော့ရှင်းပါသည်။ချစ်ခြင်းမေတ္တာပဲဖြစ်ပါသည်။တစ်ပါးသူကိုချစ်ခြင်းမေတ္တာပြကူညီဖို့ရန်အတွက်ဥပုသ်နေ့ဆိုတာမရှိပါဘူး။လူမျိုးရေး၊ဘာသာရေးဆိုတာ မရှိပါဘူး။အသားအရောင်၊အဆင့်အတန်းအနိမ့်အမြင့် ဆိုတာမရှိပါဘူး။နေ့၊ညဆိုတာမရှိပါဘူး။ထိုကဲ့သို့သောချစ်ခြင်းမေတ္တာမျိုးကိုကိုယ်တော်ရှင်ပြသလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တစ်ပါးသူဆီမှာ မည်သည့်တုန့်ပြန်မှုကိုမျှမျှော်လင့်ခြင်းမရှိဘဲမိမိအသက်ကိုပေးဆပ်ခဲ့သည့်အချစ်မျိုးနှင့်ကိုယ်တော်ရှင်ဘုရားကျွန်ုပ်တို့အားလုံးကိုချစ်ပြခဲ့တာဖြစ်ပါသည်။ကျွန်ုပ်တို့သည်လည်းဘုရားရှင်၏ချစ်သား သမီးတွေပီပီခရစ်တော်ဘုရားရှင်၏နောက်လိုက်တွေပီပီမိမိနှင့်နီးစပ်သောသူအားလုံးကိုမည်သည့်ကန့်သတ်ချက်ဘောင်မျိုးမရှိသည့်အချစ်မျိုးနှင့်ချစ်ခြင်းမေတ္တာပြသဖို့၊အစေခံကူညီမှုပြုကြဖို့ ခရစ်တော်ဘုရားရှင်ကျွန်ုပ်တို့အားလုံးကိုဖိတ်ခေါ်လျက်ရှိနေပါသည်။

Daily Reflection