12.8.2023 – 23rd Week in Ordinary Time, Tuesday
၂၀၂၃ စက်တင်ဘာလ ၁၂ ရက် (၂၃) ကြိမ်မြောက် သာမန်ကာလ၊အင်္ဂါနေ့
Lk. 6:12-19- ရှင်လုကာ ၆း ၁၂-၁၉
Reflection by Rev. Fr. Henry Aung Myo Kyaw, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တိုးတက်နေတဲ့ယနေ့ခေတ်မှာကျွန်ုပ်တို့အားလုံးရပ်နီးရပ်ဝေးမှာရှိနေကြတဲ့မိတ်ဆွေသင်္ဂဟတွေနှင့်အဆက်အသွယ်ပြုလုပ်ကြဖို့ရန်ဖုန်းတွေ၊ Social Media လို့ခေါ်သည့်Facebookတွေ၊ E-mail တွေ၊Telegramစသည့်လူမှုဆက်သွယ်ရေးအရာတွေကိုအသုံးပြုဆက်သွယ်ကြပါသည်။ဒါပေမဲ့ဘုရားရှင်နှင့်ဆက်သွယ်ဖို့ရန်အတွက်တော့တစ်ခုတည်းသောဆက်သွယ်ရေးပစ္စည်းကတော့ ဆုတောင်းမေတ္တာပြုခြင်းပဲဖြစ်ပါသည်။ယနေ့ကျမ်းစာတော်မြတ်၌ခရစ်တော်ဘုရားရှင်ဆုတောင်းသည့်အကြောင်းကိုကြားသိရပါသည်။ကြီးမြတ်သောအမှုအရာတို့ကိုမပြုလုပ်ခင်မှာသခင်ခရစ် တော်ဆုတောင်းခြင်းအမှုကိုပြုလုပ်ခဲ့ပါသည်။တရားဒေသနာတော်များမဟောပြောခင်၊တမာန်တော်ကြီးများကိုမရွေးချယ်ခင်၊ဒုက္ခစရိယာမခံယူခင်မှာစသည်ဖြင့်ခရစ်တော်ဘုရားရှင်ဆုတောင်းခြင်းပြုခဲ့သည်ကို ကျမ်းစာတော်မြတ်၌ တွေ့ရှိနိုင်ပါသည်။ ယနေ့ခရစ်တော်ဘုရားရှင် ကျွန်ုပ်တို့အားလုံးကို မိန့်မြွက်နေသည့် အရာကတော့ဆုတောင်းခြင်းပြုကြဖို့ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် ရွေးချယ်ခြင်းခံထားရသည့်ဘုရား၏သားသမီး၊ခရစ်တော်ဘုရားရှင်၏နောက်လိုက်တွေဖြစ်ကြပါသည်။ခရစ်တော်ဘုရားရှင်၏နောက်လိုက်တွေဖြစ်သည်နှင့်အညီကျွန်ုပ်တို့အားလုံးသခင်ခရစ်တော်ကိုအတူယူလိုက်ကျင့်ကြရပေမည်။မိမိတို့၏သုခခံစားရချိန်၊ဒုက္ခတွေခံစားရချိန်နှင့်နေ့ရက်အစဉ်တိုင်းမိမိပြုလုပ်ရမည့်အရာများအစမပြုခင်ဘုရားရှင်ကိုဆုတောင်းကြဖို့ရန်အရေးကြီးအပ်လှပေသည်။