Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-02-23 22:12:26
#ဖေဖော်ဝါရီလ (၂၀) ရက် / စနေနေ့ ၂၀၂၁
#ဟေရှာယ (၅၈း ၉ခ-၁၄)
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၅း ၂၇-၃၂)
#Bro. Raphael (MS)
Posted by M Sulatthtwe
လူတိုင်းရဲ့ဘဝမှာ အချစ်နဲ့မကင်းနိုင်သလို အပြစ်နဲ့လည်း မကင်းနိုင်ပါဘူး။ ဒီကနေ့ ရှင်လုကာ ဧဝံဂေလိကျမ်းစာထဲမှာ အခွန်ခံသူလေဝိဟာ ကျမ်းတတ်ဆရာတွေ၊ ဖာရီဇေဦးတွေနဲ့ လူအများက အပြစ်ရှိသူတစ်ယောက်အဖြစ် သတ်မှတ်ပြီး ဝိုင်းပယ်ထားခြင်း ခံရတဲ့ဘဝကနေ ခရစ်တော်ရဲ့ခေါ်သံကို ကြားပြီး ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းများကိုစွန့်ကာ ခရစ်တော်၏နောက်လိုက် ယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ ဖျားနာနေတဲ့သူဟာ ဆေးဆရာနဲ့ တွေ့သွားသကဲ့သို့ အပြစ်ရှိတဲ့သူတစ်ယောက်ဟာ ခရစ်တော်သခင်အားဖြင့် နောင်တရပြီး ဖြောင့်မတ်တဲ့ သူတစ်ယောက် ဖြစ်လာခဲ့တယ်။ လေဝိရဲ့ ခေါ်တော်မူခြင်းကဲ့သို့ နောက်ထပ်ထင်ရှားတဲ့ ဥပမာတစ်ခုကို ပြရမယ်ဆိုရင် ဧဝံဂေလိကျမ်းစာ တဝက်နီးပါးကို ရေးသားပြုစုခဲ့တဲ့ တမန်တော်ကြီး ရှင်ပေါလူးပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကြှနျုပျတို့ဘဝမှာ သူတပါးရဲ့ အပြစ်ကိုပြောဖို့ အလွန်လွယ်ကူသော်လည်း သူတပါးအပေါ်မှာ ချစ်ခြင်းမေတ္တာ ပြဖို့ရန်အတွက် အင်မတန်မှ ခက်ခဲတတ်ကြပါတယ်။ ဤဧဝံဂေလိကျမ်းပိုဒ်လေးကို ကြှနျုပျတို့ရဲ့နေ့စဉျ ဘဝအသက်တာထဲမှာ စဉ်းစားထောက်ရှုရမယ်ဆိုရင် ကြှနျုပျတို့ရဲ့ ယုံကြည်ခြင်းဟာ အခွန်ခံသူလေဝိကဲ့သို့ ခိုင်မြဲကြရဲ့လား။ ကြှနျုပျတို့ရဲ့ ဘဝအသက်တာကို အဓိပ်ပါယျရှိရှိဖွတျသနျးနရေဲ့လား။ ကျမ်းတတ်ဆရာတွေ၊ ဖာရီဇေဦးတွေနဲ့များ တူနေပြီလား။ 
 
#Bro. Raphael (MS)
Daily Reflection