13.8.2023 – 23rd Week in Ordinary Time, Wednesday
၂၀၂၃ စက်တင်ဘာလ ၁၃ ရက် (၂၃) ကြိမ်မြောက် သာမန်ကာလ၊ဗုဒ္ဓဟူးနေ့
Lk. 6:20-26- ရှင်လုကာ ၆း ၂၀-၂၆
Reflection by Rev. Fr. Henry Aung Myo Kyaw, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယနေ့ကျမ်းစာတော်မြတ်၌ မင်္ဂလာရှိသောသူနှင့်အမင်္ဂလာရှိသောသူအကြောင်းကိုကြားသိရပါသည်။ဆင်းရဲသောသူ၊ဆာလောင်မွတ်သိပ်သောသူ၊ငိုကြွေးသောသူ၊မုန်းတီးခြင်းခံရသူ၊ပစ်ပယ်ကဲ့ရဲ့ခံရသူ၊အသရေဖျက်ခ့ရသူတို့ကိုခရစ်တော်ဘုရားရှင်ကမင်္ဂလာရှိသောသူလို့မိန့်ဆိုတော်မူပါသည်။တစ်ဖက်မှာလည်းကြွယ်ဝချမ်းသာသောသူ၊ဝလင်စွာစားသုံးရသောသူ၊ရယ်မောသောသူ၊ချီမွမ်းခြင်းခံရသောသူတို့ကိုအမင်္ဂလာရှိသောသူလို့ခရစ်တော်မိန့်မြွက်ပြန်ပါသည်။မပြည့်စုံသောသူသည်မင်္ဂလာရှိ၍ပြည့်စုံသောသူသည်အမင်္ဂလာရှိသောသူရယ်လို့ဆိုကြပါစို့။သခင်ခရစ်တော်မိန့်မြွက်လိုသည်မှာ မပြည့်စုံသောသူသည်ဘုရားရှင်ကိုအမြဲဆာငတ်တောင့်တနေသောကြောင့်မင်္ဂလာရှိ၍ပြည့်စုံသောသူသည်ဘုရားရှင်ကို မျက်ကွယ်ပြုမေ့လျော့၊အပြစ်တင်၊အပြစ်မြင်နေမည်ဆိုလျှင်အမင်္ဂလာရှိသောသူဖြစ်၍ပြည့်စုံသောသူသည်မိမိ၏ပြည့်စုံကြွယ်ဝမှုကိုတစ်ပါးသူအားဝေငှပေးကမ်း၍ဘုရားရှင်ကိုအစဉ်အမြဲဆာငတ်တောင့်တကျေးဇူးတင်ချီးမွမ်းနေသူသည်မင်္ဂလာရှိသောသူဖြစ်ပေလိမ့်မည်။ တနည်းအားဖြင့် ဆိုရလျှင် ဘုရားသခင်နှင့်အတူရှိခြင်းသည် မင်္ဂလာရှိ၍ သခင်ဘုရားနှင့် ဝေးကွာနေသောသူသည် အမင်္ဂလာရှိသောသူဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရား၏သားသမီးများဖြစ်ကြသောကျွန်ုပ်တို့အားလုံးသည်လည်းဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ၊ဆာလောင်သည်ဖြစ်စေ၊ဝစွာစားရသည်ဖြစ်စေ၊ငိုကြွေးသည်ဖြစ်စေ၊ရယ်မောသည်ဖြစ်စေ၊မုန်းတီးပစ်ပယ်ကဲ့ရဲ့ ခံရသည်ဖြစ်စေ၊ချီးမွမ်းခံရသည်ဖြစ်စေအခြေအနေအားလုံးတိုင်း၌ဘုရားရှင်နှင့်အစဉ်အမြဲရှိနေမည်ဆိုလျှင်မင်္ဂလာရှိသောသူတွေ ဖြစ်ကြပါလိမ့်မည်။