Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-13 03:12:38

14.8.2023 – The Exaltation of the Holy Cross Feast Thursday
၂၀၂၃ စက်တင်ဘာလ ၁၄ ရက် (၂၃) ကြိမ်မြောက် သာမန်ကာလ၊ကြာသပတေးနေ့ 
Jn. 3:13-17- ရှင်ယောဟန် ၃း ၁၃-၁၇
Reflection by Sem. Robert Khai Thawn Kim, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ကျွန်ုပ်တို့ ကရူးစူးလက်ဝါးကပ်တိုင်ပွဲကိုကျင်းပကြပါသည်။အေဒီ ၃၂၀တွင်ရဟ္တာမ HelenaConstantine၏ မိခင်ကဖေါ်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ဒီလက်ဝါးကပ်တိုင်ရဲ့သမိုင်းကြောင်းကို ပြန်လည်ထောက်ရှုကြည့်ရင်ဓမ္မဟောင်းခေတ်ကလူတွေဟာဘုရားသခင်၏စေခိုင်းသူခေါင်းဆောင်များ၏စကားကိုနားမထောင်ဘဲငြီးတွားကြသောကြောင့်မြွေကိုက်ခြင်းကိုခံရပြီးသေဆုံးကြပါသည်။မိုးဇက်ကလည်း ဘုရားသခင်ထံဆုတောင်းပြီး မြွေရုပ်ထုကို ထုလုပ်၍ထို မြွေရုပ်ကို ကြည့်သူတိုင်း အသက်ချမ်းသာရကြကြောင်းပထမကျမ်းဖြစ်သော တောလည်ရာကျမ်း ၂၁း၄-၉ တွင်တွေ့ရပါသည်။ထိုနည်းတူဓမ္မသစ်ခေတ်ရောက်သောအခါခမည်းတော်ဘုရားကသားတော်ကိုယုံကြည်သောသူဟူသမျှတို့ကို ပျက်စီးခြင်းသို့မရောက်စေဘဲထာဝရအသက်ကိုရစေခြင်းငှါ မိမိ၏ တစ်ပါးတည်းသော သားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာလောကသားတို့ကို ချစ်တော်မူ၏ဟု ဧဝံဂေလိကျမ်းစာတွင် ကြားနာရပါသည်။ ဘုရားသခင်၏ အတောမသတ်သော ချစ်ခြင်းမေတ္တာကို မြင်တွေ့ရပါသည်။ကျွန်ုပ်တို့ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကိုပြန်လည်နှိုင်းယှဉ်ကြည့်ရင်ထာဝရဘုရားသည်ကျွန်ုပ်တို့နှင့်အတူကူညီစောင့်ရှောက်ဖို့အမြဲထာဝရရှိကြောင်းခံစားရပါသည်။ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်လောကလူသားများအတွက်ဝမ်းမြောက်ရာ သတင်းကောင်းဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော်ကမ္မာဦးကျမ်းတွင်ထာဝရဘုရားကငါတို့နှင့်ပုံသဏ္ဍာန်တူသောလူကိုဖန်ဆင်းကြစို့ ဟု ဆိုပြီးဖန်ဆင်းခဲ့သည်။ ထာဝရဘုရားသည်လည်း ကျွန်ုပ်တို့အား ကတိပေးစကားအတိုင်း ကမ္ဘာကုန်သည့်တိုင်အောင် ငါသည်သင်တို့နှင့်အတူ ထာဝရအစဉ်တည်နေမည် ဟု မိန့်မှာခဲ့ပါသည်။ဒီနေ့ ကျင်းပတဲ့ကရူးစူးကားတိုင်ပွဲဟာလည်းဘဲငါတို့အပြစ်ရှိသူကိုကယ်တင်ခြင်း ရအံ့ငှါသားတော်ဘုရားကလက်ဝါးကပ်တိုင်ပေါ်မှာအသက်စတေးခြင်းခံရပါသည်။ထို့ကြောင့်ငါတို့တစ်ဦးချင်းစီ အနေဖြင့်ထာဝရဘုရား၏ချစ်ခြင်းမေတ္တာကိုခံစားပြီးကျွန်ုပ်တို့လူသားဘုရား၏သားသမီးများအနေဖြင့်ထာဝရဘုရားသခင်အပေါ်မှာကိုယ့်ရဲ့ ချင်းခြင်းမေတ္တာကိုဘယ်လောက်အထိပြနိုင်ပြီလဲစဉ်းစားထောက်ရှုရင်းဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုအစဉ်အမြဲသူတစ်ပါးအပေါ်မှာမျှဝေနိုင်သောသူများဖြစ်ကြပါစေ။

 

Daily Reflection