Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-13 18:59:36

15.8.2023 – Our Lady of Sorrows, Friday
၂၀၂၃ စက်တင်ဘာလ ၁၅ ရက် (၂၃) ကြိမ်မြောက် သာမန်ကာလ၊သောကြာနေ့ 
Jn. 19:25-27- ရှင်ယောဟန် ၁၉း၂၅ -၂၇
Reflection by Rev. Fr. David Kyaw Zwa Latt, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့ကျမ်းစာကိုထောက်ရှုကြည့်ရင်အပြစ်သားတစ်ဦးလိုသတ်မှတ်ခံရပြီး ကားတိုင်ကိုထမ်းနေတဲ့သားတော်ရဲ့အဖြစ်ကိုမြင်မိတဲ့မယ်တော်ရဲ့အတွေးနဲ့ခံစားချက်တွေအပြစ်မရှိပေမဲ့အပြစ်သားလို ကားတိုင်တင်သတ်ခံရတဲ့ သားတော်ယေဇူးရဲ့ ကားတိုင်ဘေးမှာရပ်နေတဲ့မယ်တော်ရဲ့ အတွေးနဲ့ ခံစားချက်တွေ ရက်ရက်စက်စက်ညှင်းပင်းနှိပ်စက်ပြီးအသတ်ခံရတဲ့ အသက်မရှိတော့တဲ့သားတော်ကို ပွေ့ချီထားတဲ့မယ်တော်ရဲ့အဖြစ်ဘယ်လိုများဖြစ်နေမှာလဲ။တွေးကြည့်ပါ၊မျက်ရည်တွေကသားကိုချစ်တဲ့စိတ်တစ်ခုတည်းတော့မဟုတ်ပါ။သာမန်ကျတဲ့မျက်ရည်ထက်လည်းပိုမှာပါ။တရားပိုင်ရှင်၊ဘုရားရှင်ကိုအပ်နှံရဲတဲ့၊ဖမ်းရဲတဲ့၊သတ်ရဲလှတဲ့ လူတစ်စုတစ်ဖွဲ့အတွက်ဝမ်းနည်းလို့ကျတဲ့မျက်ရည်တွေဖြစ်မှာပါ။အမှန်တရားကိုမျက်ကွယ်ပြုကာ ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းကို ရွေးလိုက်တဲ့အပြစ်သားရာဇဝတ်သားတွေအတွက်ကြောင့် ကျခဲ့ရတဲ့မျက်တွေဖြစ်မှာပါ။ ဒါပေမဲ့ဒီမှာမပြီးဆုံးသေးဘူးဆိုတာလည်း မယ်တော်သိမှာသေချာတယ်။ဘုရားကိုလုံးဝယုံကြည်တယ်။အပြည့်အဝလည်းအပ်နှံထားတယ်။ဘုရားဖြစ်တဲ့သားတော်ရဲ့ဟောထားတဲ့တရား၊ပေးထားတဲ့ဂတိတော်အတိုင်းထမြောက်ရှင်ပြန်မယ်ဆိုတာလည်းယုံထားပြီးသားဖြစ်မှာပါ။ကောင်းကင်တံခါးနဲ့ကယ်တင်ခြင်းလမ်းကပွင့်သွားပြီးဆိုတာသိပြီးမျက်ရည်တွေသုတ်ခဲ့မှာသေချာတယ်။ကြေကွဲလို့ကျတဲ့မျက်ရည်တွေအပြီးမှာအောင်မြင်ခြင်းရှိတယ်။ဒါကို ယုံကြည်ပြီး သွားကြမယ်ဆိုတစ်နေ့ပန်းတိုင်ရောက်မှာပါယခုလိုခက်ခဲတဲ့ကျွန်ုပ်တို့တိုင်းပြည်ရဲ့အခြေအနေတွေကြားထဲမှာကျွန်ုပ်တို့တစ်ဦးချင်းစီတွေးတောဆင်ခြင်ဖို့ အခွင့်အခါကောင်းပါ။

Daily Reflection