Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-15 08:20:59

16.9.2023 – 23rd Week in Ordinary Time, Saturday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက် (၂၃)  ကြိမ်မြောက် သာမန်ကာလ၊ စနေနေ့
Lk.6:43-49 ရှင်လုကာ (၆း၄၃-၄၉)
Reflection by Rev. Fr. David Kyaw Zwa Latt, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

ဘာသာသူတွေကဘုရားကိုစွန့်၊တရားကိုရွံ့သွားကြတဲ့အဖြစ်တွေကြားဖူးမြင်ဖူးကြမှာပါ။တချို့ဆိုကိုးကွယ်တဲ့လူတွေနဲ့မတဲ့လို့၊ဘုန်းကြီးကိုမကြိုက်လို့၊လူတွေကနေရာမပေးလို့၊လူတွေကဂရုမစိုက်လို့၊လူတွေကပုံမလာလိုဆိုပြီးအစရှိသ၍အကြောင်းပြကာလမ်းကြောင်းပြောင်းသွားကြတယ်။ဘာပဲဖြစ်ဖြစ်ကိုယ်ကိုးကွယ်တဲ့ဘုရားကိုသစ္စာရှိရှိအစေခံဖို့ကပိုအရေးကြီးတာမဟုတ်လား။ငယ်ငယ်တုန်းကဘုရားအကြောင်းကိုဘာသာခြားတွေနဲ့ငြင်းခဲ့ကြတယ်။ ကိုယ့်ဘုရားကိုထိခိုက်ပြောဆိုလာရင်စိတ်တိုတယ်။ ဒေါသဖြစ်မိတယ်။ဘုရားကိုပဲတကယ်ချစ်လို့လားမပြောတတ်ပါ။ဒါပေမဲ့အသိတရားကလက်မခံနိုင်တာဖြစ်တယ်။ဘုရားကိုထိခိုက်ပြောဆိုလာတော့ကိုယ့်ကိုလည်းထိလာတာနဲ့အတူတူပါပဲ။ကိုယ်ယုံကြည်တဲ့တရားလမ်းကိုတကယ်ကျင့်ကြံလိုက်နာမှ တရားကလက်တွေ့မှာအရာရောက်ပါတယ်။ဒီလိုနဲ့လူတွေကတရားကိုမြင်လာမယ်။လူတွေကိုခင်လာမယ်။ယုံလာမယ်။တရားကိုမြင်ပြီးဘုရားဘက်ကိုပြောင်းလာမယ်။ဘုရားကိုလည်းချစ်လာမှာသေချာတယ်။ဘုရားရဲ့နာမကိုထောက်ပြီးဘယ်လိုမျိုး ကောင်းမှုကုသိုလ်တွေလုပ်မိခဲ့ပါသလဲ။ဘယ်လိုမျိုးလုပ်ငန်းတွေရည်ရွယ်ပြီးလုပ်ကိုင်မိပါသလဲ။အောင်မြင်မူတွေရလာတဲ့အခါဘုရားကိုဘယ်နှစ်ခါများကျေးဇူးတင်ဖူးပါသလဲ။ဒီမေးခွန်းလေးတွေကကျွန်ုပ်တို့ကိုးကွယ်တဲ့ဘုရားရှင်အားလူအများအရှေ့မှာ ကြည်ညိုစိတ်အပြည့်နဲ့ဘုရားကိုပင့်ကာ တရားကိုကျင့်ယူစေဖို့ပါ။

Daily Reflection