Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-16 08:13:08

17.9.2023 – 24th Week in Ordinary Time, Sunday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက် (၂၄)  ကြိမ်မြောက် သာမန်ကာလ၊ တနင်္ဂနွေနေ့
Mt.18:21-35 -- ရှင်မာတေဦး (၁၈း ၂၁-၃၅)
Reflection by Rev. Fr. David Kyaw Zwa Latt, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အတိုင်းမသိဘုရားရှင်ကခွင့်လွတ်တယ်ဆိုတာယုံပါသလား။အရေးကြီးတာကကိုယ်ကသူ့ဆီကိုဦးစွာသွားဖို့နဲ့ကိုယ့်ရဲ့နောင်တက နှလုံးသားကလာပြီးစစ်မှန်ဖို့တော့လိုပါတယ်။ကျွန်ုပ်တို့လူသားတွေကြားမှာတော့ခွင့်လွတ်တယ်ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။အထူးသဖြင့်ကိုယ်ကခံရတဲ့သူ၊နာကြင်ရတဲ့သူဆိုရင်ဒီတရားကအင်မတန်လက်ခံဖို့၊ကျင့်ကြံဖို့ခက်ခက်လှပါတယ်။သို့ပေမဲ့လို့မဖြစ်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။အဲဒါကြောင့်ဘယ်လို့လက်တွေ့ကျင့်ကြံမလဲဆိုတာထောက်ရှုကြရအောင်ပါ။လူသားအနေနဲ့မဖြစ်နိုင်ပေမဲ့ယေဇူးခရစ်တော်ကိုယ်တော်ကကျင့်ကြံခိုင်းတယ်ဆိုတော့ကိုယ်တော်နဲ့ဆိုဖြစ်နိုင်ပါတယ်။ဒီတော့ဖြစ်နိုင်ဖို့ကကိုယ်တော်ရဲ့ကျေးဇူးတော်လိုအပ်ပါတယ်။ကျေးဇူးတော်ရနိုင်မည့်နည်းလမ်းကကိုယ်တော်ကိုယုံပြီးဘုရားရှေ့မှာ များများဒူးထောက်မယ်။တရားကိုအမှန်တကယ်လိုက်နာကျင့်ကြံမယ်။သူတစ်ပါးအပေါ်ကရုဏာပွားမယ်ဆိုရနိုင်ပါတယ်။

Daily Reflection