Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-17 08:37:46

18.9.2023 – 24th Week in Ordinary Time, Monday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရ က် (၂၄)  ကြိမ်မြောက် သာမန်ကာလ၊ တနင်္လာနေ့
Lk. 7:1-10 -- ရှင် လုကာ ၇း၁-၁၀
Reflection by Rev. Fr. David Kyaw Zwa Latt, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အဲလောက်ကြီးမားတဲ့ယုံကြည်ခြင်းကို အီဇရာအဲယ်ပြည်မှာမတွေ့ဖူးသေး။ယေဇူးကိုယ်တော်ကတောင်ချီးမွမ်းထားတဲ့ယုံကြည်ခြင်းဆိုတော့ကျွန်ုပ်တို့ထောက်ရှုမှတ်သားထားပြီးလိုက်ကျင့်ကြံသင့်တဲ့အရာပါ။လူမျိုးခြားဖြစ်တဲ့လူတစ်ရာတပ်မှုးကကိုယ်တော့်ကိုမြင့်မြတ်တဲ့ဘုရားမှန်းသူသိတယ်။ကုသပေးနိုင်သူမှန်းလည်းသူယုံတယ်။ကိုယ်တော့်ကိုသူကိုယ်တိုင်ပင့်ဖို့လည်းမထိုက်တန်မှသူလက်ခံတယ်။သူ့အိမ်မှာ လက်ခံဖို့ မထိုက်တန်မှန်းသိတယ်။ဒါကြောင့်လူလွတ်ပြီးကိုယ်တော်ကိုခေါ်ခိုင်းလိုက်တာ ဖြစ်တယ်။ကိုယ်တော်ရဲ့စကားတစ်ခွန်နဲ့တင်ကျန်းမာနိုင်တယ်ဆိုတဲ့သူ့ရဲ့ယုံကြည်ခြင်းကချီးကျူးထိုက်တယ်။နောက်တစ်ခုကသူ့ရဲ့အစေခံအတွက်ပင်ကြားဝင်ပေးတယ်။ကရုဏာပြတယ်။ဒါကိုကြည့်ခြင်းအားဖြင့်တကယ့်ကိုကောင်းတဲ့သူတစ်ပါးပါပဲ။သူကလည်းတိုင်းပြည်ကိုချစ်တဲ့သူတစ်ယောက်၊တရားဇရပ်တွေဆောက်တဲ့နေရာမှာကူညီတဲ့သူတစ်ယောက်ဆိုတာလည်းတွေ့ရတယ်။သူဟာကိုယ်တော်နဲ့မတွေ့ခင်ကတည်းကအများလေးစားထိုက်တဲ့လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာထင်ရှားတယ်။သို့ပေမဲ့ သူ့ကိုယ်သူတော့နှိမ့်ချစွာကိုယ်တော်ကိုကြိုဆိုလက်ခံခဲ့ပြီးသူ့ရဲ့အစေခံကျန်းမာဖို့ ကြားဝင်ပေးနိုင်ခဲ့တယ်။

Daily Reflection