19.9.2023 – 24th Week in Ordinary Time, Tuesday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရ က် (၂၄) ကြိမ်မြောက် သာမန်ကာလ၊ အင်္ဂါနေ့
Lk. 7:11-17 -- ရှင် လုကာ ၇း၁၁-၁၇
Reflection by Rev. Fr. David Kyaw Zwa Latt, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ မုဆိုးမ၏တစ်ဦးတည်းသောသားကိုပြန်ရှင်စေတဲ့အခါကိုယ်တော်ရဲ့နှလုံးသားကကရုဏာသက်တော်မူပြီး ပြန်ရှင်စေခဲ့တယ်။ပုံမှန်ကိုယ်တော်ပြုနေကြကုသမှုတွေလိုမဟုတ်ပါ။တစ်ချို့တန်ခိုးလက္ခဏာတွေကလူတွေရဲ့ကြားဝင်တောင်းခံခြင်း၊အခြားသူများရဲ့ယုံကြည်ခြင်းစသဖြင့်ကြောင့်ကိုယ်တော်ပြုတော်မူတယ်။ဒါပေမဲ့ဒီမှာကြတော့မိခင်ရဲ့ပူဆွေးမှုတွေကို ကြည့်ပြီးကြင်နာသနားခြင်းကြောင့်ကိုယ်တော်ကပြန်ရှင်စေပြီးမိခင်ရဲ့လက်ထဲပြန်အပ်နှံခဲ့တယ်။တစ်ဦးတည်းသောသားကိုဆုံးရှုံးရတာလွယ်တဲ့အလုပ်မဟုတ်။လူ့အတွေးနဲ့ကြည့်မယ်ဆိုဘဝပျက်ပြီးအနာဂတ်ပျောက်တဲ့အနေအထားပါ။ကိုယ်တော်ကလည်းတစ်နေ့ကားတိုင်ပေါ်မှာအသက်စွန့်မည့်အဖြစ်ကိုတွေးမိပြီးမယ်တော်ရဲ့ပူဆွေးမှုတွေကိုကြိုပြီးခံစားကြည့်မိတာလည်းဖြစ်မယ်။ကြိုသိနေတဲ့ကိုယ်တော်ကဘုရားအလိုတော်ကြောင့်သာရှေးဆက်သွားရပေမဲ့လို့မိခင်မယ်တော်အတွက်တော့ကြိုပြီးပြင်ဆင်ထားပြီးဖြစ်မှာပါ။လူတွေရဲ့တုံ့ပြန်ချက်ကကြောက်ရွံ့ပြီးဘုရားကိုချီးမွမ်းကြတယ်။ပရောဖက်တစ်ပါးပေါ်ထွန်းပြီလူတွေကိုကယ်တင်ဖို့ဘုရားရှင်ကြွလာပြီလို့ပြောဆိုကြတယ်။ဘုရားရဲ့ကယ်တင်ခြင်းလမ်းစဉ်က ဆန်းကြယ်ပါတယ်။