Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-19 06:53:29

20.9.2023 – 24th Week in Ordinary Time, Wednesday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရ က် (၂၄)  ကြိမ်မြောက် သာမန်ကာလ၊ ဗုဒ္ဓဟူးနေ့
Lk. 7:31-35 -- ရှင် လုကာ ၇း ၃၁-၃၅
Reflection by Rev. Fr. William Phyo Wai, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာ ရှင်ပေါလူးကတီမောတေဦး မြို့သားတွေကိုရေးသားတဲ့သြဝါဒစာစောင်ကို ကြားနာကြရတယ်။ အဲ့ဒီ သြဝါဒထဲမှာရှင်ပေါလူးက ဘုရားရဲ့အိမ်တော်ထဲမှာကောင်းကောင်းမွန်မွန်ပြုကျင့်နေထိုင်အဖို့အတွက်မိန့်ဆိုထားတာကိုကျွန်ုပ်တို့ တွေ့ရှိရတယ်။ကျွန်ုပ်တို့ကလည်းဘယ်လိုမျိုးကောင်းကောင်းမွန်မွန်ပြုကျင့်နေထိုင်ရမလဲဒီကနေ့ ကျွန်ုပ်တို့ ကြားနာရတဲ့ရှင်လုကာရဲ့ဧဝံဂေလိကျမ်းထဲမှာသခင်ခရစ်တော်ကကျွန်ုပ်တို့ ဘယ်လို ပြုမူကျင့်ကြံနေထိုင်ရမယ်ဆိုတာကို မိန့်ဆိုထားတာကိုတွေ့ရှိရတယ်။အဲ့တာကတော့ ကျွန်ုပ်တို့ရဲ့နှလုံးသားတွေမာကျောခက်ထန်ပြီးတော့ပြုပြင်ပြောင်းလဲဖို့ခက်တဲ့အမူအကျင့်တွေစိတ်ထားတွေမရှိဖို့ဘဲဖြစ်တယ်။ဘာလို့လဲဆိုရင်စိတ်နှလုံးသားမာကြောခြင်းကကျွန်ုပ်တို့ကိုကောင်းတဲ့ဘဝကိုသန်ရှင်ခြင်းဆီသို့မပို့ဆောင်နိုင်ပါဘူး။ဒါကိုသခင်ခရစ်တော်ကဒီကနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာပုံဥပမာနဲ့တကွဖေါ်ပြပေးထားပါတယ်။ဒါကြောင့်ဒီနေ့ကြားနာရတဲ့ကျမ်းပိုဒ်လေးတွေကကျွန်ုပ်တို့ကိုပြုပြင်ပြောင်းလဲဖို့ လွယ်ကူတဲ့ နှလုံးသားနဲ့ဘုရားရဲ့ရှေ့မှာရှင်သန်ဖို့အတွက်ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေပါတယ်။ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝအသက်တာမှာဘုရားရဲ့ကျေးဇူးတော်နဲ့ပေါင်းစပ်ပြီးတော့ကောင်းမွန်တဲ့အပြုအမှုတွေနဲ့ဘုရားရဲ့ရှေ့မှာရှင်သန်သွားကြပါစို့။

Daily Reflection