21.9.2023 –St. Matthew, Apostle and Evangelist - Feast
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်၊ ကြာသပတေးနေ့
ဧဝံဂေလိကျမ်းရေး တမန်တော်ကြီး ရှင်မာတေးဦး ပွဲနေ့
Mt.9:9-13 -- ရှင်မာတေဦး (၉း ၉-၁၃)
Reflection by Rev. Fr. William Phyo Wai, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့တမန်တော်ကြီးရှင်မာတေဦးရဲ့ပွဲနေ့ကိုကျွနိုပ်တို့ကျင်းပကြပါတယ်။ရှင်မာတေဦးကတမန်တော်တစ်ပါးဖြစ်ရုံသာမကသခင်ခရစ်တော်ရဲ့တရားတော်တွေကိုလည်းမှတ်တမ်းတင်ရေးသားခဲ့တဲ့ကျမ်းရေးသူတစ်ဦးလည်းဖြစ်ပါတယ်။ရှင်မာတေဦးရဲ့ပွဲနေ့မှာကျွနိုပ်တို့ကြားနာရတဲ့ကျမ်းစာကတော့ သခင်ခရစ်တော်ကရှင်မာတေဦးကိုသူ့ကနာက်ကိုလိုက်ဖို့ခေါ်တဲ့အကြောင်းလေးဘဲဖြစ်ပါတယ်။ရှင်မာတေဦးကသခင်ခရစ်တော်ရဲ့ဖိတ်ခေါ်သံကိုကြားတာနဲ့တပြိုင်တည်းအရာရာအားလုံးကိုစွန့်ပစ်ပြီးနောက်တော်သို့လိုက်ခဲ့ပါတယ်။ဒီလိုချက်ချင်းစွန့်ပြီးလိုက်ခြင်းကခေါ်တော်မူခြင်းရဲ့အဓိကကျတဲ့အချက်ဘဲဖြစ်ပါတယ်။ကျွနိုပ်တို့ခရစ်ယာတ်တွေအားလုံးကလည်းဆေးကြောခြင်းမင်္ဂလာခံယူခြင်းအားဖြင့်သခင်ခရစ်တော်ရဲ့နောက်တော်သို့လိုက်ဖို့ခေါ်တော်မူခြင်းခံရတဲ့သူတွေဖြစ်ကြရုံသာမကကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝအသက်တာမှာလည်း ဘုရားသခင်ကနည်းမျိုးစုံနဲ့သူ့ဆီကိုလာကြဖို့ဖိတ်ခေါ်နေပါတယ်။ဒီနေ့မှာကျွန်ပ်တို့မိမိကိုယ်ကိုမေးရမဲ့မေးခွန်းလေးကတောကျွန်ပ်တို့ရဲ့နေ့စဥ်ဘဝအသက်တာမှာတကယ်ဘဲဘုရားရဲ့ဖိတ်ခေါ်သံကိုကြားရဲ့လား။ဘုရားရဲ့ဖိတ်ခေါ်သံကိုကြားတဲ့အခါမှလည်းရှင်မာတေဦးလိုဘဲအရာရာအားလုံးကိုထားခဲ့ပြီးဘုရားအနားကိုလာကြသလားဆိုတဲ့မေးခွန်းလေးပါဘဲ။ရှင်မာတေဦးရဲ့ဘဝကိုအတုယူခြင်းအားဖြင့်သော်လည်းကောင်း၊သူ့ရဲ့ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့်သော်လည်းကောင်းကျွန်ုပ်တို့သည်လည်းအရာရာအားလုံးကိုစွန့်ပြီးသခင်ခရစ်တော်ရဲ့နောက်တော်သို့လိုက်ကြပါစို့။