Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-21 08:43:26

22.9.2023 – 24th Week in Ordinary Time, Friday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်၊သောကြာနေ့
Lk.8:1-3 -ရှင်လုကာ (၈း၁-၃)
Reflection by Rev. Fr. William Phyo Wai, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ဖတ်ရှု့ရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်တရားဒေသနာတော်ကိုမြို့ရွာများသို့လှည့်လည်ဟောကြားစဥ်မှာကိုယ်တော်ရဲ့နောက်တော်သို့သူ့ရဲ့တပည့်တော်ကြီးတွေသာမကအချို့သောအမျိုးသမီးတွေလည်းလိုက်ပါပြီးကိုယ်တော့်ကိုသူတို့မှာရှိသမျဥစ္စာ၊ပစ္စည်းတွေနဲ့အလုပ်အကျွေးပြုကြတဲ့အကြောင်းကိုကြားနာကြရပါတယ်။ဒီကျမ်းပိုဒ်ကလေးထဲကနေသခင်ခရစ်တော်ကဘယ်သူမဆိုမခွဲခြားဘဲသူ့ရဲ့လုပ်ငန်းစဥ်မှာကျရာအခန်းကဏ္ဍကနေပါဝင်ဖို့အတွက်ဖိတ်ခေါ်နေပါတယ်။သခင်ခရစ်တော်ရဲ့လုပ်ငန်းစဥ်မှာပါဝင်တဲ့အခါမှာမိမိကြိုက်နှစ်သက်ရာနေရာကမဟုတ်ဘဲမိမိကျရာနေရာကနေအကောင်းဆုံးပါဝင်တတ်ဖို့အရေးကြီးပါတယ်။တခါတလေကျရင်ကျွန်ုပ်တို့တတွေကနေရာကောင်းယူလိုတဲ့စိတ်တွေပွားပြီးမိမိ မကြိုက် နှစ်သက်တဲ့နေရာတွေဆိုရင်မပါဝင်လိုကြဘူး။ဒီကနေ့ဒီကျမ်းပိုဒ်ကလေးကျွန်ုပ်တို့ကိုအသိပေးနေတာကဘုရားရှင်ပေးတဲ့တာဝန်ကမိမိလိုချင်တဲ့တာဝန်ထက်ပိုပြီးအရေးတယ်ဆိုတာပါဘဲ။ဒါကြောင့်ကျွန်ုပ်တို့အားလုံးဘုရားပေးတာဝန်ကိုကျရာကဏ္ဍကနေအကောင်းဆုံးကျေပွန်စွာထမ်းဆောင်သွားကြပါစို့။

Daily Reflection