Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-22 07:52:34

23.9.2023 – 24th Week in Ordinary Time, Saturday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်၊ စနေနေ့
Lk.8:4-15 -ရှင်လုကာ (၈း၄-၁၅)
Reflection by Rev. Fr. William Phyo Wai, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာမျိုးစေ့ကြဲသူရဲ့ပုံဥပမာကိုကြားနာရပါတယ်။ဒီပုံဥပမာလေးထဲမှာပါတဲ့မျိုးစေ့နဲ့မြေဆီလွှာအကြောင်းတွေကိုစဉ်းစားထောက်ရှုကြည့်ကြမယ်။ပထမအနေနဲ့ကျမ်းတော်မြတ်အရမျိုးစေ့ဟာဘုရားရဲ့နှုတ်တော်ထွက်စကားဖြစ်ပါတယ်။ မျိုးစေ့ဖြစ် တဲ့ဘုရားရဲ့နှုတ်တော်ထွက်စကားဟာရာခိုင်နှုန်းပြည့်အပင်ပေါက်နိုင်စွမ်းနဲ့အဆတစ်ရာအသီးသီးနိုင်စွမ်းရှိပါတယ်။ဒါ့ကြောင်မျိုးစေ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့မေးခွန်းထုတ်စရာမရှိပါဘူး။ဒုတိယအနေနဲ့ ကျမ်းစာတော်မြတ်အရမြေအမျိုးအစားတွေဟာကျွန်ုပ်တို့ကိုယ်တိုင်ဘဲဖြစ်တယ်။ဘုရားရဲ့နှုတ်တော်ထွက်စကားဖြစ်တဲ့မျိုးစေ့ဟာအသီးအဆတစ်ရာသီးဖို့ဆိုတာ မြေအမျိုးအ စားတွေဖြစ်တဲ့ကျွန်ုပ်တို့အပေါ်မှာအများကြီးမူတည်နေပါတယ်။ဒါ့ကြောင့် ကျမ်းစာတော်မြတ်ကကျွန်ုပ်တို့ကိုဘုရားရဲ့နှုတ်တော်ထွက်စကားကိုအဆတစ်ရာသီးစေနိုင်တဲ့မြေသြဇာကောင်းတဲ့ခရစ်ယာန်တွေဖြစ်ဖို့ဖိတ်ခေါ်နေပါတယ်။ 

Daily Reflection