Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-23 05:57:44

24.9.2023 – 25th Week in Ordinary Time, Sunday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်၊ ၂၅ ကြိမ်မြောက် သာမန်ကာလ၊ တနင်္ဂနွေနေ့
Mt.20:1-16 -ရှင်မာတေးဦး (၂၀း၁-၁၆)
Reflection by Rev. Fr. William Phyo Wai, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းတော်မြတ်ထဲမှာသခင်ခရစ်တော်ကကောင်းကင်နိုင်ငံတော်ကိုမိမိစပျစ်ဥယျာဉ်အတွက်အလုပ်သမားများရှာဖွေစေလွှတ်တဲ့အကြောင်းလေးကိုကြားနာကြရပါတယ်။ဒီပုံဥပမာလေးကဘုရားသခင်ရဲ့နိုင်ငံတော်မှာအရင်ရောက်တာတွေနောက်မှရောက်တာတွေခွဲခြားခြင်းမရှိဘူးဆိုတာကိုမီးမောင်းထိုးပြနေတယ်။ဒါကြောင့်ဘုရားသခင်ရဲ့နိုင်ငံတော်မှာဝါကြီးတဲ့သူကပိုမိုပြီးနေရာကောင်းရခြင်း၊အာဏာရခြင်း၊အခွင့်အရေးတွေပိုရခြင်းစတဲ့အရာတွေမရှိပါဘူး။ဘုရားရဲ့ နိုင်ငံတော်မှာဘုရားသားသမီးတွေဖြစ်တဲ့ကျွန်ုပ်တိုအားလုံးဟာတန်းတူညီမျှပါဘဲ။ဘုရားရဲ့ရှေ့မျက်မှောက်မှာကျွန်ုပ်တို့အားလုံးဟာတူညီစွာတန်ဖိုးရှိတဲ့သူတွေဘဲဆိုတာကိုဒီကျမ်းပိုဒ်လေးတွေကကျွန်ုပ်တို့ကိုထောက်ရှုစေပါတယ်။ဒီအချက်တွေအားလုံးကဘုရားသခင်ရဲ့တရားမျှတခြင်း၊သနားကြင်တတ်ခြင်း၊ရက်ရောခြင်းစတဲ့ဂုဏ်ပုဒ်တွေကိုဖေါ်ပြနေပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ရဲ့ဘုရားသခင်ကို ရဲရဲဝံ့ဝံ့နဲ့ချဉ်းကပ်ကြပါစို့။

Daily Reflection