25.9.2023 – 25th Week in Ordinary Time, Monday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်၊ (၂၅) ကြိမ်မြောက် သာမန်ကာလ၊ တနင်္လာနေ့
Luke 8:16-18 - ရှင်လုကာ ၈:၁၆-၁၈
Reflection by Sr. Benedetta Myat Hnin Nwe(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထို့ပြင်မည်သူမျှဆီမီးကိုထွန်း၍တောင်းဖြင့်အုပ်ထားလေ့မရှိ။အိပ်ရာအောက်တွင်လည်းထားလေ့မရှိ။ဝင်လာသောသူတို့သည် အလင်းကိုမြင်နိုင်စေရန်ဆီမီးကိုမီးခုံပေါ်၌ တင်ထားလေ့ရှိကြ၏။အကြောင်းမူကားဝှက်ကွယ်ထားသဖြင့်အထင်အရှားမဖော်ပြနိုင်သည့်အရာဟူ၍မရှိချေ။လျှို့ဝှက်ထားသဖြင့်မသိမမြင်ရဘဲအလင်းသို့မရောက်မည့်အရာဟူ၍လည်းမရှိချေ။သို့ဖြစ်၍သင်တို့မည်ကဲ့သို့ကြားနာရသည်ကိုသတိပြုကြလော့။အကြောင်းမူကားရှိသောသူအားထပ်မံ၍ ပေးဦးမည်။ မရှိသောသူထံမှ သူ့တွင်ရှိသည်ဟုထင်ရသောအရာကိုပင်သိမ်းယူလိမ့်မည်မိန့်တော်မူ၏။*ထောက်ရှုချက်*အလင်း၏သဘောသဘာဝအရထွန်းလင်းဖို့၊အလင်းပေးဖို့ဖြစ်တယ်။သူ့ရဲ့အလင်းနဲ့နေရာတကာမှာအလင်းရရှိစေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့မှာရှိတဲ့အရည်အချင်း၊အစွမ်းအစလေးတွေဟာနီးစပ်သောသူ၊လူသားတွေအားလုံးအတွက် အလင်းသဖွယ်အစဥ်ထွန်းလင်းအကျိုးပေးရမှာဖြစ်ပါတယ်။နှမြောတွန့်တိုဝှက်ကွယ်ထားလို့မရပါဘူး။ကျွန်ုပ်တို့မှာရှိတဲ့မွန်မြတ်သောစိတ်ထားပါရမီ၊ကောင်းမြတ်တဲ့လုပ်ရည်ကိုင်ရည်တွေဟာဘုရားပေးထားတဲ့အထူးကျေးဇူးတော်ဖြစ်လို့ပေါ်လွင်ထင်ရှားသိသာလှပါတယ်။တစ်ဦးစီဘုရားခေါ်ယူရှင်သန်နေရခြင်းဟာအလင်းဖြစ်ဖို့ပါ။ကမ္ဘာလူသားတွေအတွက်အလင်းဖြစ်လို့ မိမိကိုယ်စီအလင်းထွန်းလင်းပေးကြပါစို့။