Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-25 08:03:51

26.9.2023 – 25th Week in Ordinary Time, Tuesday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊ ၂၅ ကြိမ်မြောက် သာမန်ကာလ၊ အင်္ဂါနေ့
Lk. 8:19-21 - ရှင်လုကာ ၈း ၁၉-၂၁
Reflection by Rev. Fr. William Phyo Wai, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ချမ်းသာတဲ့သူတိုင်းစည်းကမ်း၊စည်းမျဉ်းမရှိကြပေမဲ့စည်းမျဉ်း၊စည်းကမ်းရှိရှိကြိုးစားတဲ့သူတိုင်းဟာချမ်းသာ၊အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါတယ်။ဘာလို့လဲအဲ့ဒီချမှတ်ထားတဲ့ဘဝနေနည်းစည်းမျဉ်းတွေကိုစည်းကမ်းရှိရှိနဲ့လိုက်လုပ်တဲ့အခါတကယ်အောင်မြင်တဲ့သူတွေဖြစ်လာကြပါတယ်။ကျွန်တော်တို့ခရစ်ယာန်တွေအတွက်လောကရဲ့ချမ်းသာခြင်းထက်ကောင်းကင်သုခကပိုအရေးကြီးပါတယ်။ကောင်းကင်သုခကိုပိုင်ဆိုင်နိုင်ဖို့ဘယ်လိုကဲ့သို့သောစည်းမျဉ်း၊စည်းကမ်းတွေလိုက်ရမလဲ?ဒီနေ့ ကျမ်းစာတော်အားဖြင့်သခင်ယေဇူးကအဲ့ဒီစည်းမျဉ်း၊ စည်းကမ်းတွေပေးနေတယ်။ဒါကတော့ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်ကိုကြားနာ၍ကျင့်သုံးရမယ်တဲ့။အဲ့ဒီစည့်းမျဉ်းစည်းကမ်းကိုလိုက်ကျင့်တဲ့သူမှန်သမျှသည်သူ့ရဲ့မိခင်နှင့်ညီအစ်ကိုတွေဖြစ်တယ်တဲ့။ဘုရားစစ်ဖြစ်တဲ့ယေဇူးကိုယ်တိုင်ပေးထားတဲ့ကျင့်စဉ်ပဲဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့ဘဝကိုလောကရဲ့စည်းစိမ်ကိုရှာဖွေခြင်းမှာအချိန်ဖြုန်းခြင်းထက်ကောင်းကင်သူခကိုရှာဖွေခြင်း၌သာအသုံးပြုကြပါစို့။ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်တွေကို ကြားနာကာကျင့်ကြံနေထိုင်ခြင်းဖြင့်ဘုရားသခင်ရဲ့မိသားစုဝင်တစ်ဦးနေနဲ့ပါဝင်နိုင်အောင်ကြိုးစားရှင်သန်ကြပါစို့

Daily Reflection