27.9.2023 – 25th Week in Ordinary Time, Wednesday/ St. Vincent de Paul Feast
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်၊ ၂၅ ကြိမ်မြောက် သာမန်ကာလ၊ ဗုဒ္ဓဟူးနေ့
Lk. 9:1-6 - ရှင်လုကာ ၉း ၁-၆
Reflection by Rev. Fr. Bernard Brang Shawng,
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီနေ့ဖတ်ရှုရမည့်ရှင်လုကာ(၉း ၁-၆)ဟာတမာန်တော်တစ်ဆယ့်နှစ်ပါးကိုစေလွှတ်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒီကျမ်းပိုဒ်မှာသခင်ယေဇူးကတပည့်တော်တွေကိုမြို့ရွာအသီးသီးကိုစေလွှတ်ခဲ့တယ်။အဓိကအားဖြင့်လုပ်ငန်းနှစ်ခုကိုပေးခဲ့ပါတယ်။ဧဝံဂေလိသတင်းကောင်းကိုဟောပြောဖို့နှင့်အနာရောဂါမျာကိုကုသပျောက်ကင်းစေခြင်းပဲဖြစ်တယ်။ဒီနေ့ဒီကျမ်းစာအားဖြင့်ကျွန်ုပ်တို့တစ်ဦးချင်းစီကိုဒီသာသနာပြုလုပ်ငန်းတွေထမ်းဆောင်ဖို့သခင်ယေဇူးကဖိတ်ခေါ်နေပါတယ်။တပည့်တော်ကြီးတွေကိုထမ်းဆောင်ဖို့ သခင်ယေဇူးကဖိတ်ခေါ်နေပါတယ်။တပည့်တော်ကြီးတွေကိုသခင်ယေဇူးကတစ်ခြားထွေထွေထူးထူးမခိုင်းပါဘူး။သူနဲ့အချိန်ကြာကြီးနေလာခဲ့တဲ့တပည့်တော်တွေကိုသူလုပ်ဆောင်ခဲ့တဲ့အတိုင်း၊သူဟောပြောခဲ့တဲ့တရားတော်နဲ့သူဘယ်သူဖြစ်တယ်ဆိုတာကိုဟောပြောစေပြီး၊သူကုသခဲ့သလိုကုသစေရုံပါပဲ။တစ်ခြားထူးခြားတဲ့လုပ်ဆောင်မှုတွေလုပ်ခိုင်းတာမရှိပါဘူး။သခင်ယေဇူးရဲ့နောက်လိုက်တပည့်တွေဖြစ်တဲ့ကျွန်ုပ်တို့ရောဒီMissionကိုလုပ်ဆောင်ဖို့အသင့်ရှိရုံသာမက၊လက်တွေ့မှာ လုပ်ဆောင်ဖို့ဖိတ်ခေါ်နေပါတယ်။မိမိရဲ့နေထိုင်မှုဘဝနဲ့ဧဝံဂေလိသတင်းကောင်းဟောပြောကြရအောင်မိမိရဲ့ဆုတောင်းပေးခြင်းနဲ့အပြောဆိုတွေအားဖြင့်တစ်ပါးသူကိုခွန်အားပေးကုသပေးကြရအောင်၊အားဖြည့်ပေးတဲ့ခရစ်တော်သင့်အနားမှာရှိနေပါတယ်။ဒီ Missionကိုလုပ်ဆောင်ဖို့သင်အဆင်သင့်ဖြစ်ပြီလား။