28.9.2023 – 25th Week in Ordinary Time, Thursday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်၊ ၂၅ ကြိမ်မြောက် သာမန်ကာလ၊ ကြာသပတေးနေ့
Lk. 9:7-9 - ရှင်လုကာ ၉း ၇-၉
Reflection by Rev. Fr. Brian Joseph, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကန့ကျမ်းစာတော်မြတ်ထဲမှာဟေရုဒ်မင်းကြီးကသူ့စိတ်ထဲမှာဇဝေဇဝါဖြစ်ပြီးတော့သခင်ယေဇူးကဘယ်သူဖြစ်တယ်ဆိုတာကိုသိချင်စိတ်ပြင်းပြပီးတော့ကိုယ်တာ့်ကိုမြင်တွ့ဖို့ကြိုးစားနေတယ်ဆိုပြီးတော့ဖေါ်ပြထားပါတယ်။ဟေရုဒ်မင်းကြီးကဘာကြောင့်သခင်ယေဇူးကို မြင်တွေ့ချင်ရတာလဲ?အကြောင်းရင်းကတော့ သူဟာလူတွေရဲ့ပြောစကားကိုကြားပြီးတော့သူခေါင်းဖြတ်သတ်ခဲ့ပြီးယောဟန်များတကယ်အသက်ပြန်ရှင်လာသလားဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းသူဟာသခင်ယေဇူးကိုတွေ့မြင်ချင်တာပဲဖြစ်ပါတယ်။ဒီအချက်ကနေကျွန်တော်တို့ တရားယူရမဲ့အချက်ကကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ဘ၀မှာသခင်ယေဇူးကိုတွေ့မြင်လိုစိတ်ပြင်းပြစွာရှိကြရဲ့လား?ကျွန်တော်တို့သခင်ယေဇူးကိုတွေ့မြင်လိုခြင်းကကျွန်တော်တို့ တစ်ဦးချင်းစီနဲ့ဘုရားသခင်ကြားမှာပိုပြီးခိုင်မာတဲ့ဆက်ဆံရးတစ်ခုဖြစ်လာဖို့အတွက်ပဲဖြစ်ရမာပါ။ဟေရုဒ်မင်းကြီးလိုယောဟန်ဟုတ်လားမဟုတ်ဘူးလားဆိုတဲ့အချက်ကြာင့်သိချင်တာမျိုးမဟုတ်ပဲကျွန်တော်တို့ဘ၀မှာ ကျွန်တော်တို့ရဲ့နှလုံးသားမှာနေရာပေးလက်ခံဖို့လိုအပ်ပါတယ်။ ဒီလိုနေရာပေးလက်ခံခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာ ပိုမိုခိုင်မာလာပြီးတော့သခင်ခရစ်တော်ဟောကြားခဲ့တဲ့တရားတော်တွေကိုလက်တွေ့ဘ၀မှာကျင့်ကြံနေထိုင်ခြင်းအားဖြင့်ကောင်းတဲ့ခရစ်တော်ရဲ့နောက်လိုက်သားသမီးကောင်းတွေအဖြစ် ဆက်လက်နေထိုင်အသက်ရှင်သွားကြပါစို့..