29.9.2023 – 25th Week in Ordinary Time, Friday
St. Michael, Gabriel and Raphael, Archangels - Feast
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ သိကြားမင်းကြီးသုံးပါးပွဲ
၂၅ ကြိမ်မြောက် သာမန်ကာလ၊ သောကြာနေ့
John 1:47-51 - ရှင်ယောဟန် ၁း၄၇-၅၁
Reflection by Rev. Fr. Brian Joseph, MS
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သိကြားမင်းကြီးသုံးပါးအကြောင်းကိုကျွန်တော်တို့ကလေးဘဝထဲကနေပြီးတော့ကြားသိပြီးသားလည်းဖြစ်မှာပါ။ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းဒီသိကြားမင်းကြီးသုံးပါးရဲ့နာမည်နာမတွေကိုကျမ်းစာတော်မြတ်ထဲမှာလည်းအတိအလင်းဖေါ်ပြထားထာကိုလည်းသိရှိကြမှာပဲဖြစ်ပါတယ်။သိကြားမင်းမီကာအဲလ်ဟာဆိုရင်နတ်ဆိုးများကိုနှိမ်နင်းတဲ့သိကြားမင်းကြီးဖြစ်တယ်ဆိုတာကိုဗျာဒိတ်ကျမ်းထဲမှာဖေါ်ပြထားပါတယ်။သိကြားမင်းကြီးဂါဗြီအဲလ်ဟာဆိုရင်ဘုရားသခင်ရဲ့သတင်းစကားကိုသယ်ဆောင်တဲ့သိကြားမင်းကြီးဖြစ်ပြီးမယ်တော်သခင်မကိုအမိန့်တော်ပြန်ခဲ့တယ်ဆိုတာကိုရှင်လုကာကျမ်းစာတော်မြတ်ထဲမှာဖေါ်ပြထားတာကိုတွေ့ရှိရပါတယ်။သိကြားမင်းကြီးရာဖါအဲလ်ဟာကုသပေးတဲ့သိကြားမင်းကြီးဖြစ်ပြီးတော့တိုဘိယကျမ်းစာတော်မြတ်ထဲမှာမျက်စိကန်းနေတဲ့ပရောဖက်တိုဘိကိုကုသပေးခဲ့တဲ့သိကြားမင်းကြီးတပါးဖြစ်ပါတယ်။ဒီသိကြားမင်းကြီးသုံးပါးပြုလုပ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကျမ်းစာတော်မြတ်အားဖြင့်ကြည့်မယ်ဆိုရင်သူတို့ဟာသူတပါးအတွက်အသစ်သောဘဝတွေ ရရှိဖို့သယ်ဆောင်ပေးခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။သတင်းကောင်းစကားကိုမယ်တော်သခင်မဆီကိုသယ်ဆောင်လာသလို၊မျက်စိအလင်းကိုပြန်မြင်စေသလို၊မကောင်းတဲ့ဘေးနတ်ဆိုးရန်မှာကာကွယ်ပေးခြင်းဆိုတာတွေအားဖြင့်ကျွန်တော်တို့သိရှိနိုင်တာကသူတို့ဟာဘုရားသခင်ဆီကနေသတင်းစကားကိုအခြားသူတွေ၊လူတွေဆီကိုသယ်ဆောင်ပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့ပြန်လည်ထောက်ရှုခြင်းအားဖြင့်သိရှိနိုင်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တရားယူရမဲ့အချက်ကလည်းကျွန်တော်တို့ဟာလည်းသိကြားမင်းကြီးသုံးပါးလိုသူတပါးအတွက်အသစ်သောဘဝတွေရရှိဖို့သယ်ဆောင်ပေးခဲ့တဲ့သူတွေဖြစ်ဖို့ ကြိုးစားအသက်ရှင်နေထိုင်သွားကြပါစို့…