Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-09-29 05:47:48

30.9.2023 – 25th Week in Ordinary Time, Saturday
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်၊ ၂၅ ကြိမ်မြောက် သာမန်ကာလ၊ စနေနေ့
Lk.9:43-45 - ရှင်လုကာ ၉း ၄၃-၄၅
Reflection by Sem. Robert Khai Thawn Kim
Posted by Sr. Benedetta Myat Hnin Nwe(ISR)

လူ့သဘာဝဟာ၊လောကမှာလောဘ၊ဒေါသ၊မောဟများအပြင်သံသယဟူသောရောဂါတစ်ခုပါကပ်ဆွဲလိုက်ပါလာတတ်ပါသည်။ကိုယ်ကလူတစ်ယောက်အပေါ်မှာယုံကြည့်ခဲ့သော်လည်းစိတ်ထဲတွင်ရာနှူန်းပြည့်တော့မလွယ်ကူနိုင်ပါဘူး။ဒီကနေ့တို့တတွေကြားနာခဲ့ရသည့်ဧဝံဂေလိကျမ်းစာကိုပြန်လည်ထောက်ရှုကြည့်ရင်ဘုရားသခင်၏အကြံအစီတွေကအံ့သြစရာကောင်းလှပါတယ်။ဘာကြောင့်လဲဆိုရင်သခင်ယေဇူးကတန်ခိုးအာဏာအမျိုးမျိုးပြသခဲ့ပြီး၊သူဟာ ခမည်းတော်ဘုရား၏သားတော်အမှန်ဖြစ် ကြောင်းကိုလည်းပြသတော်မူခဲ့ပါသည်။သို့သော်ဒီနေ့ဘုရားသခင်ကသူ့တပည့်တော်များထံပြောခဲ့သောအရာမှာလူသားသည်လူတို့၏လက်တွင်အပ်နှံခြင်းခံရလိမ့်မည်ဟုမိန့်တော်မူခြင်းကြောင့်အားလုံးဟာအံ့သြပြီးသံသယစိတ်တွေဖြစ်နေခဲ့ကြပါသည်။ ဒါဟာလူ့သဘာဝပဲ ဖြစ်ပါသည်။ သို့သော် သားတော်ဘုရားကသူ့ခမည်းတော်ဘုရား၏ အစီမံအတိုင်း ပြုလုပ်နေခြင်းဖြစ်ပါသည်။ထို့ကြောင့် ဘုရားဟာ လူ့အဖြစ်နှင့်ဘုရားအဖြစ်ဟူသောအဖြစ်တော်နှစ်ပါးကိုယူဆောင်သူဖြစ်ပါသည်။သူ၌ အရာအားလုံးပြည့်ဝစုံလင်ပြီး၊ထာဝရအသက်နှင့်ဆိုင်သောစကားလည်းတည်တော်မူသည်။ဤအရာများကိုယုံကြည်ပြီးဘာကိုမှသံသယဝင်ရန်မလိုဘဲသူ့ဆီ၌သာမှီခိုအားထားကြပါစို့။လူတွေထက်မြင့်မြတ်တော်မူသောထာဝရဘုရားထံသံသယမဝင်ဘဲသူ၌သာအပြည့်ဝ ယုံကြည်ပြီး၊ရှေ့ဆက်လျှောက်လှမ်းမည့်ဘဝအသက်တာအတွက်လက်တွဲဖော်အဖြစ်ဖိတ်ခေါပြီးယုံကြည်မှုအပြည့်နှင့်ဆက်လက်ဆုတောင်းကြပါစို့။

Daily Reflection