1.10.2023 – 26th Week in Ordinary Time, Sunday
St. Theresa of the Child Jesus, Feast
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်၊ ၂၆ ကြိမ်မြောက် သာမန်ကာလ၊ တနင်္ဂနွေနေ့
Mt.21:28-32 - ရှင်မာတေးဦး၂၁း၂၈-၃၂
Reflection by Sisters of Charity
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဟုတ်ကဲ့ဟုနာခံကာဟင့်အင်းဟုငြင်းတတ်သော လူ့သဘောသာဘာဝကိုဤကနေ့၏သမ္မာကျမ်းစာမှအဖြစ်အပျက်တွေကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ကောင်းမှုကိုပြုရန်ဟုတ်ကဲ့ဟုနာခံတတ်သောသူအားလိမ္မာသူဟုလူ့အသိုင်းအဝိုင်းကာယေဘုယျအားဖြင့် သတ်မှတ်ထားကြသကဲ့သို့ဟင့်အင်းဟုငြင်းဆိုတတ်သောသူကိုမနာခံတတ်သောသူဟုယူဆထားကြသည်။သို့သော်ဤယနေ့ကျမ်းစာတော်မြတ်၌ထူးခြားသောဖြစ်စဉ်တစ်ခုကိုကျွန်ုပ်တို့ထောက်ရှုလျှင်သိနိုင်သည့်အချက်မှာသားနှစ်ဦးတို့သည်မိမိတို့နှုတ်ဖြင့်ဝန်ခံခဲ့သောစကားကိုအလုပ်ဖြင့်ဆန်ကျင်ဘက်ပြုမူသွားခဲ့ကြသည်ကိုတွေ့ရသည်။အဘယ်ကြောင့်နည်းအဖြေမှာတစ်ခုတည်းသာရှိပါသည်။အတွင်းကျကျမိမိကိုယ်ကိုပြန်လည်းစဉ်စားသုံးသပ်ဝေဖန်ခြင်းပင်ဖြစ်ပါသည်။ဤသို့ပြုလုပ်ခြင်းအားဖြင့်အကောင်းနှင့်အဆိုးအဓိကနှင့်သာမညကိုကောင်းစွာဝေဖန်ပိုင်းခြားသိမြင်ပြီးကောင်းမြတ်သော၊ဖြောင့်မတ်မှန်ကန်သောအရာများကိုသာဆောင်ရွက်ရန်ရာနှုန်းပြည့်ကျွန်ုပ်ကိုဦးဆောင်ပေးသွားမည်ဖြစ်သည်။သို့မဟုတ်ပါကာလူ၏မျက်နှာသာရရန်နှင့်ထိုသူစိတ်ချမ်းသာစေရန်သာတွေးခေါ်တတ်ပြီးလွယ်လင့်တကူဟုတ်ကဲ့ဟုနာခံတတ်သောသူသည်။လူလိမ်လူညာဖြစ်ပေတော့မည်။ ထိုကြောင့်မိမိကိုယ်ကိုဝေဖန်ဆန်းစစ်သုံးသပ်ခြင်းကိုကောင်းမွန်ပြုလုပ်နိုင်ရန်အတွက်ဝိညာဉ်တော်ဘုရား၏ ဦးဆောင်မှုအရိပ်အဝါသအောက်တွင်ကျွန်ုပ်တို့ရှိရာလိုအပ်ပေသည်။ဝိညာဉ်တော်ဘုရား၏အလင်းကျေးဇူးဖြင့်သာဘုရားသခင်၏စကားကိုရှင်းလင်းပြတ်သားစွာကြားနာနိုင်ပြီးလက်တွေ့ဘဝဖြင့်ဟုတ်ကဲ့ဟုပြန်လည်အဖြေပေးနိုင်သောဘုရားသားသမီးများဖြစ်နိုင်ဖို့ရန်ကြိုးစားကြပါစို့။ အိုသန့်ရှင်းသောဝိညာဉ်တော်ဘုရားသားသမီးတို့၏ဘဝအထက်ကိုစိုးမိုးတော်မူပါ။ကိုယ်တော်ရှင်၏သန့်ရှင်းသောအလင်းကျေးဇူးတော်အားဖြင့်အဖြစ်အပျက်အခြေအနေတိုင်းတွင်အကောင်းနှင့်အဆိုးကိုအမြဲဝေဖန်ပိုင်းခြားတတ်ပြီးဖြောင့်မတ်မှန်ကန်သောအရာများကိုသာရွေးချယ်ဆောင်ရွက်နိုင်ရန်ကျေးဇူးပေးသနားတော်မူပါ။အာမင်