Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-01 08:35:06

2.10.2023 – 26th Week in Ordinary Time, Monday
The Guardian Angels Feastday, ကိုယ်စောင့်သိကြားများပွဲနေ့
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်၊ ၂၆ ကြိမ်မြောက် သာမန်ကာလ၊ တနင်္လာနေ့
Mt.18.1-5,10 - ရှင်မာတေးဦး၁၈း၁-၅,၁၀
Reflection by Sr. Isabella, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သူငယ်ဆိုသည့်ကလေးတို့၏ စိတ်နေသဘောထားကိုကျွန်ုပ်တို့ထောက်ရှုသွားကြပါစို့။အဘယ်ကြောင့်ဆိုသော်ခရစ်တော်ဘုရားရှင်သည်သူငယ်တစ်ယောက်ကိုအထံတော်သို့ခေါ်၍ သူတို့၏အလယ်တွင်ထားလျက်ငါ၏နာမတော်၌လက်ခံသောသူသည် ငါ့ကိုလက်ခံ၏ဟုမိတ်ဆိုထားသောကြောင့်ဖြစ်သည်။ကလေးသူငယ်၏ဘဝကိုကြည့်လျှင်အထင်သားမြင်တွေ့နိုင်သည်မှာရိုးသားပွင့်လင်း၍နှိမ့်ချသောသဘောကိုတွေ့နိုင်သည်။၎င်းတို့လိုချင်သောအခါတောင်းခံတတ်ကြသည်။မရလျှင်ငို၍စိတ်ကောက်ပြကြသည်။ချော့လျှင်တိတ်တတ်သည်။ဆူလိုက်လျှင်ကြောက်၍ငြိမ်သွားတတ်ကြသည်။အထူးသဖြင့်သွန်သင်ပြလျှင်လိုက်၍တစ်သွေမတိမ်းပြုလုပ်တတ်ကြသည်။ဆိုလိုသည်မှာ၎င်းတို့ဘဝသည်ဖယောင်းကဲ့သို့အပူပေးလျှင်လိုအပ်သလိုပြောင်းလဲပုံသွင်းယူ၍ရသည့်အဓိကမှာဤအချက်ပင်ဖြစ်သည်။ထို့ကြောင့်ခရစ်တော်သည်ကလေးသူငယ်ကိုသဘောကျခြင်းဖြစ်သကဲ့သို့ကျွန်ုပ်တို့ကိုလည်းဤကဲ့သို့ ဖြစ်စေချင်ပါသည်။ကျွန်ုပ်တို့အားဟန်ဆောင်မှုကင်းသောစိတ်နှလုံးသားဖြင့်အသက်ရှင်သန်ဖို့ရန်နှင့် ဘုရားသခင်၏နေ့စဉ်သမ္မာကျမ်းစာအားဖြင့်လမ်းညွှန်သွန်သင်ပြမှုများကိုခံယူရရှိကြားနာရသည့်အခါငါဟူသည့်အတ္တမာန်မာနကိုတစ်လွှာချင်းခွာချကာခရစ်တော်ဘုရားရှင်ဖြစ်စေချင်သောရိုးသားနှိမ့်ချပြီးစိတ်နှလုံးဖြူစင်သည့်သူတစ်ဉီးအဖြစ် အချိန်တိုင်းကောင်းရာဘက်သို့သတ္တိရှိရှိ ပြောင်းလဲရဲသော စိတ်နေသဘော ရှိရန် ကြိုးစားကြပါစို့။ဤနည်းဖြင့်ကျွန်ုပ်တို့သည်ခရစ်တော်၏နောက်လိုက်ခရစ်ယာန်ကောင်းတို့၏နှိမ့်ချသောကြင်နာတတ်ပြီးချစ်ခင်တတ်သောစသည့်အကျင့်ပါရမီကောင်းများနှင့် ပြည့်စုံသောသူအဖြစ်ဘဝကို သက်သေခံနိုင်ကြမည်ဖြစ်ပါသည်။နောက်တစ်ချက်တွင်လည်း သင်တို့သည်ဤသူငယ်တို့တွင် ဖူးမျှော်လျက်ရှိကြ၏။ ကျွန်ုပ်တို့သည် အစဉ်အမြဲ မိမိကိုယ်ကိုသတိဖြင့်ပြောင်းလဲရန် ကြိုးစားနေကြသော ဖြစ်စဉ်ထဲတွင်ရှိနေသကဲ့သို့အခြားသူများကိုလည်းလေးစားတတ်ဖို့ထားတတ်ရန်အထူးသဖြင့်ကလေးသူငယ်အပေါ်တွင်ပြုမူကြရန်ခရစ်တော်ကကျွန်ုပ်တို့ကိုယနေ့ဖိတ်ခေါ်နေပါသည်။၎င်းတို့အားနူးညံ့သိမ်မွေ့စွာသွန်သင်ဆုံးမ၍လမ်းကောင်းပြတတ်ရန်လိုအပ်သည်။၎င်းတို့သည်ဘုရားသခင်ရှေ့မျက်နှာရသော၊ ချစ်ခြင်းခံကြရသော ပုဂ္ဂိုလ်လေးများဖြစ်သည်ကိုအမြဲသတိဖြင့် ဆင်ခြင်၍ ၎င်းတို့အား နည်းမှန်လမ်းမှန်ဖြင့် ခရစ်တော်၏ ချစ်ခြင်းဆီသို့ ကျွန်ုပ်တို့ ခေါ်ဆောင်သွားနိုင်ရန် လိုအပ်သော ကျေးဇူးများကိုလည်းတောင်းလျှောက်ကြပါစို့။ အာမင်။
 

Daily Reflection