Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-04 07:32:06

5.10.2023 – 26th Week in Ordinary Time, Thursday
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၅)ရက်၊ ၂၆ ကြိမ်မြောက် သာမန်ကာလ၊ ကြာသပတေးနေ့
Luke: -10:1-12 - ရှင် လုကာ - ၁၀း၁-၁၂
Reflection by Sr.Bibiana Pe Pe,SCCG     
Posted by Sr. Benedetta Myat Hnin Nwe(ISR)    

ငြိမ်းချမ်းသာယာခြင်းကိုလိုလားသောသူသည်ထိုနေရာ၌ရှိလျှင်သင်တို့၏ငြိမ်းချမ်းသာယာခြင်းသည်သူ့အပေါ်သို့သက်ရောက်လိမ့်မည်။သို့မဟုတ်လျှင်၎င်းသည်သင်တို့ထံသို့ပြန်လာလိမ့်မည်။(လုကာ ၁၀း၆)ငြိမ်းချမ်းခြင်းဆိုတာလူတိုင်းပိုင်ဆိုင်ရယူနိုင်တဲ့ဘုရားရဲ့လက်ဆောင်တစ်ခုဖြစ်တယ်။ငြိမ်းချမ်းသာယာခြင်းကိုလည်းလူတိုင်းလိုလားနှစ်သက်ကြတယ်။ယနေ့ခေတ်ကမ္ဘာမှာမလိုလားအတောင်းတဆုံးအရာဟာလည်းငြိမ်းချမ်းခြင်းဘဲဖြစ်ပါတယ်။ဒီနေ့သမ္မာကျမ်းစာထဲမှာလဲမည်သည့်အိမ်သို့မဆိုသင်တို့ဝင်ကြသောအခါ"ဤအိမ်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဟုဦးစွာနှုတ်ဆက်ကြလော"ဆိုပြီးသခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကို မိန့်ဆိုခဲ့ပါတယ်။ကိုယ့်ရဲ့စိတ်နှလုံးထဲမှာငြိမ်းချမ်းခြင်းရှိနေမယ်ဆိုရင်သူတစ်ပါးကိုလည်းငြိမ်းချမ်းခြင်းပေးနိုင်တယ်။ငြိမ်းချမ်းစွာပြောဆို၊ပြုမှု၊ဆက်ဆံနိုင်မှာဖြစ်ပါတယ်။အတ္တ၊လောဘ၊ဒေါသ၊မောဟတွေနဲ့ပြည့်နေတဲ့နှလုံးသားတွေဟာခရစ်တော်ရှင်ပေးတဲ့ငြိမ်းချမ်းခြင်းကိုရယူပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ဖြူစင်နှိမ့်ချပြီးစစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ပြည့်ဝနေတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့သူတွေသာငြိမ်းချမ်းခြင်း၊စိတ်ရဲ့ငြိမ်သက်ခြင်းကိုရရှိခံစားမှာဖြစ်ပါတယ်။ငြိမ်းချမ်းခြင်းဆိုတဲ့ကျမ်းစာပုဒ်လေးနဲ့ဆက်စပ်ပြီးမိမိကိုယ်ကိုပြန်လည်းဆန်းစစ်ကြပါစို့။ကိုယ်ဟာဘယ်လိုမျိုးသောနှလုံးသားကိုပိုင်ဆိုင်နေပြီလဲ?။ကိုယ့်ရဲ့နှလုံးသားဟာရှုပ်ထွေးနေလား?။ ပူလောင်နေလား?။စိုးရိမ်းကြောက်ကြနေလား?။စိတ်နှသားမှာခံစားရတဲ့အတိုင်းအပြင်မှာဖြစ်ပေါ်တတ်ပါတယ်။ဒီအတွက်စစ်မှန်သောငြိမ်းချမ်းသာယာခြင်းကိုဘဝအသက်တာမှာအမှန်တကယ်ခံစားရဖို့အတွက်ငြိမ်းချမ်းအရှင်သခင်ခရစ်တော်ဘုရားထံမှာလိုအပ်ရာဆုများကိုတိုးဝင်ချဉ်ကပ်ဆုတောင်းကြပါစို့။  

Daily Reflection