Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-05 20:40:50

6.10.2023 – 26th Week in Ordinary Time, Friday
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၆)ရက်၊ ၂၆ ကြိမ်မြောက် သာမန်ကာလ၊ သောကြာနေ့
Luke: -10:13-16 - ရှင်လုကာ - ၁၀း ၁၃-၁၆
Reflection by Sr.Bibiana Pe Pe,SCCG    
Posted by Sr. Benedetta Myat Hnin Nwe(ISR)   

ဘုရားဟာလူသားအားလုံးကိုချစ်တယ်၊အပြစ်ကိုတော့မနှစ်သက်ဘူး။ဘာလို့လဲဆိုတော့လူတွေဟာအပြစ်ကိုပြုခြင်းဖြင့်ဘုရားနဲ့ဝေးကွာနေတာကြောင့်ဖြစ်တယ်။သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားရှင်ဟာအပြစ်နဲ့ပေါင်းစပ်လို့မရတဲ့အတွက်သူချစ်တဲ့လူသားတွေကိုလဲအပြစ်နဲ့ကင်းစင်ပြီးသူ့နဲ့ အမြဲပေါင်းစပ်နေနိုင်ဖို့အတွက် ဘုရားအလိုရှိတယ်ဆိုတာကိုဒီကနေ့သမ္မာကျမ်းစာကိုဖတ်ရှု၊ထောက်ရှုခြင်းအဖြင့်သိရှိနိုင်ပါတယ်။လူသားတွေကိုအမြဲဆန်းသစ်စေတဲ့အရာဟာနောင်တတရားဘဲဖြစ်ပါတယ်။မပြည့်ဝ၊မစုံလင်တဲ့လူတွေရဲ့နေ့စဉ်ဘဝအသက်တာမှာကိုယ့်ရဲ့အပြစ်၊အမှားအယွင်းတွေကိုသိရှိပြီးဘဝကိုပြုပြင်ပြောင်းလဲနေထိုင်ခြင်းဟာအသစ်သောဘဝအသက်တာကိုရရှိပိုင်ဆိုင်ဖြစ်တယ်။ကိုယ့်ရဲ့အားနည်းချက်အပြစ်အနားအဆာထဲမှာဘဲကျင်လည်းနေမယ်ဆိုရင်နေ့စဉ်ဘုရားရှင်သွန်ချပေးတဲ့ကျေးဇူးတော်၊ကောင်းမြတ်ခြင်းတွေကို သိရှိခံစားရမှာမဟုတ်ပါဘူး။ဒီအတွက်ကိုယ့်ရဲ့နေစဉ်ဘဝအသက်တာကိုပြန်လည်းဆင်ခြင်သုံးသပ်ခြင်း၊ကိုယ့်ရဲ့အပြစ်အားနည်းချက်၊မပြည့်ဝမစုံလင်ခြင်းတွေအတွက်နောင်တရပြီးကြိုးစားပြီးပြုပြင်နိုင်အောင်နေ့စဉ်ကြိုးစားသွားကြပါစို့။ လူတွေကိုချစ်လို့လူ့အဖြစ်ကိုယူပြီး လူတွေရဲ့ခံစားချက်တိုင်းကိုနားလည်းပေးတတ်တဲ့ သခင်ခရစ်တော်ဟာအပြစ်ကိုမုန်းပေမဲ့အပြစ်သားကိုချစ်ပါတယ်။ နောင်တတရားနဲ့ပြန်လာတဲ့မိမိရဲ့သိုးတွေကိုလည်းချစ်မေတ္တာနဲ့အမြဲစောင့်ကြိုနေပါတယ်။ အသစ်သောဘဝကိုပိုင်ဆိုင်ဖို့မနှောင်းသေးနဲ့အသိတွေနဲ့နောင်တစိတ်ကိုရင်ဝယ်ပိုက်ပြီးဝိညာဉ်အသက်တာရဲ့နေ့သစ်တိုင်းကိုရယူပိုင်ဆိုင်နိုင်အောင်ကြိုးစားအသက်ရှင်ကြပါစို့။

Daily Reflection