Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-07 05:42:32

8.10.2023 – 27th Week in Ordinary Time, Sunday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလတနင်္ဂနွေနေ့
Mt.21:33-41 - ရှင်မာတေးဦး - ၂၁း၃၃-၄၁ (တိုလီမုတ်စသြဝါဒ)
Reflection by Rev. Fr. Bernardino Ne Ne
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

ဒီနေ့ရဲ့သမ္မာကျမ်းစာလာပုံဥပမာထဲမှာသတင်းစကားများစွာပါရှိနေတယ်။ပုံပမာကလူတို့အပေါ်ဘုရားသခင်ရဲ့ယုံကြည်စိတ်ချမှုကို မီးမောင်းထိုးပြပေးနေပါတယ်။စပျစ်ခြံပိုင်ရှင်ကသီးစားလုပ်သူများထံသူ့စပျစ်ခြံကိုယုံကြည်စွာအပ်နှံခဲ့တယ်။သီးစားလုပ်တို့အပေါ်မှာရဲသားကြီးနည်းတူအမြဲစောင့်ကြည့်နေပြီးကြီးကြပ်ကွပ်ကဲခြင်းမျိုးမလုပ်ဆောင်ခဲ့ဘူး။ခြံပိုင်ရှင်ဆိုသူဟာ ခရီးဝေးကိုစိတ်အေးလက်အေးထွက်သွားပြီးအလုပ်သမားတွေအနေနဲ့ကသူတို့ရဲ့တာဝန်ကိုထမ်းဆောင်ဖို့သာလိုအပ်တယ်။အလားတူ ဘုရားသခင်ကသူ့အလုပ်ကိုလူတွေလက်ထဲမှာယုံကြည်စိတ်ချစွာ အပ်နှံခြင်းကိုလုပ်မြဲဖြစ်တယ်။ မိမိတို့ခံယူရရှိတဲ့အလုပ်တိုင်းဟာ ဘုရားသခင်ကကျွန်တော်တို့ကိုပေးအပ်ထားတော်မူတဲ့တာဝန်ပဲဖြစ်တယ်။ပုံပမာလေးကဘုရားသခင်ရဲ့စိတ်ရှည်မှုကိုလည်း ပြသပေးနေတယ်။စပျစ်သီးဆွတ်ခူးချိန်နီးလာတဲ့အခါသီးစားခရယူဖို့ စပျစ်ခြံပိုင်ရှင်ကသူအစေခံများကို စေလွှတ်ခဲ့ပါတယ်။တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို စေလွှတ်ခဲ့ပေ မဲ့လည်း သီးစားလုပ်သူများဟာ အစေခံတစ်ယောက်ကိုဖမ်း/ရိုက်/သတ်/ကျောက်ခဲနဲ့ပစ်ပေါက်ခြင်းတွေကျူးလွန်ခဲ့ကြပါတယ်။သူ့အစေခံတွေဟာနှိပ်စက်ညှဉ်းပန်း ဆက်ဆံခံရတဲ့အခါခြံပိုင်ရှင်က မိုက်မဲတဲ့အလုပ်သမားတွေကိုချက်ခြင်းဒဏ်ပေးခြင်းမျိုးမလုပ်ဆောင်ခဲ့ဘူး။ သူဟာသီးစားလုပ်သူများအားသူတို့ရဲ့အယူခံဝင်ခြင်း အခွင့်အရေးကို ပေးခဲ့တယ်။ ထိုနည်းတူ ဘုရားသခင်က လူတို့ရဲ့ဒုစရိုက်အားလုံးကို နားလည်သည်းခံပေးပြီးစွန့်ပစ်တော်မမူခဲ့ပါ။ပုံပမာလေးကဘုရားသခင်ရဲ့ တရားစီရင်ချက်အကြောင်းလည်း ဖော်ပြတယ်။ နောက်ဆုံးမှာ စပျစ်ခြံပိုင်ရှင်က သီးစားလုပ်သူများထံမှ စပျစ်ခြံကိုယူပြီး အခြားသောသီးစားလုပ်သူများကို အငှါးပေးလိမ့်မယ် ဖြစ်တယ်။ ထိုအတူ ဘုရားသခင်က ကျွန်တော်တို့လုပ်ဆောင်ရမည့်တာဝန်ကိုကျွန်တော်တို့ရဲ့လက်မှ နှုတ်ယူလိုက်တဲ့အခါမှာ ဘုရားသခင်ရဲ့ အပြင်းထန်ဆုံးတရားစီရင်ချက်ကို ခံယူရကြတာပဲ ဖြစ်တယ်။ ပုထုဇဉ်ဟာ ဘုရားသခင်အတွက် အသုံးမဝင်သောအခါတွင် သူဟာ အနိမ့်ဆုံးအဆင့်သို့တိုင် နစ်မြုပ်သွားခဲ့ရပြီ ဖြစ်တယ်။ပုံပမာလေးက လူ့အခွင့်ထူးဆိုတာ ရှိကြောင်းကို သတိပြုမိစေပါတယ်။ စပျစ်ခြံမှာအခြံအရံများ၊ စပျစ်သီး ဖိစက်၊ ရဲတိုက် စတာတွေဟာ သီးစားလုပ်သူများရဲ့တာဝန်ကိုလွယ်ကူစေပြီး ကုန်ချောများကို ကောင်းစွာ ထုတ်လွှတ်နိုင်စေမည့် အရာအားလုံး တပ်ဆင်ထားပေးတယ်။ ဘုရားသခင်က ကျွန်တော်တို့ လုပ်ဆောင် ရမည့် တာဝန်ကို ပေးရုံသာမကလုပ်ဆောင်အောင်မြင်နိုင်ဖို့အတွက် နည်းလမ်းကိုလည်း ပေးတော်မူ တယ်။တစ်နည်းအားဖြင့်လူ့လွတ်လပ်ခွင့်ကိုပေးထားတယ်။ စပျစ်ခြံပိုင်ရှင်က အလုပ်သမားတွေကိုသူတို့ စိတ်ကြိုက်လုပ်ခွင့်ကို ပေးတယ်။ဘုရားသခင်ဆိုသည့် ပုဂ္ဂိုလ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့အရှင် သခင်မျိုး မဟုတ်၊ဘုရားရှင်ဟာ တာဝန်တစ်ခုကိုခွဲဝေပေးပြီးတဲ့နောက်ဆက်လုပ်ဆောင်ဖို့အတွက် လူကို ယုံကြည်တတ်သော ပညာရှိ စစ်သူကြီးနဲ့ တူတယ်။ ပုံပမာက လူသားတွေရဲ့ လျှောက်လဲချက်ကိုလည်း ဖော်ပြတယ်။ လူသားအားလုံးအတွက် စာရင်းရှင်းရ မည့်နေ့ကရောက်လာပါလိမ့်မယ်။ဘုရားသခင်ပေးထားတဲ့တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခဲ့ခြင်းပျက်ကွက်ခဲ့ခြင်းများအတွက်ကျွန်ုပ်တို့ ဖြေရှင်းချက်ကို တင်ပြရပါမယ်။ ပုံပမာက လူရဲ့ လွတ်လပ်မှု၌ အပြစ် ကိုတမင်တကာကျူးလွန်ခြင်းကို ဖော်ညွှန်းသည်။ သီးစားလုပ်သူများက သခင့်အပေါ်တော်လှန်ပုန်ကန်မှုနဲ့ မနာခံမှုတို့ကိုတမင်တကာကျင့်သုံးကြတယ်။အပြစ်ဆိုတာဘုရားသခင်နဲ့တမင်ဆန့်ကျင်ဘက်ပြုခြင်းပဲဖြစ်တယ်။ဘုရားသခင်ရဲ့လမ်းစဉ်ကိုကောင်းကောင်းသိနေပေမဲ့မိမိရဲ့လမ်းစဉ်ကိုသာရွေးချယ်လိုက် လျှောက်ခဲ့ကြတယ်။ပုံပမာကယေဇူးသခင်ဟာပရောဖက်များထက်သာလွန်ကြီးမြတ်ကြောင်း ကျွန်တော်တို့ကိုရှင်းလင်းစွာထုတ်ဖော်ပြသပေးတယ်။ရှေးအရင်ရောက်ရှိလာခဲ့ကြတဲ့သူတွေဟာဘုရားသခင်ရဲ့စေတမန်များဖြစ်ကြတယ်။ဂုဏ်ပြုချီးမွမ်းထိုက်ကြပါပေတယ်။သို့ပေမဲ့သူတို့ဟာ အစေခံများသာဖြစ်ကြတယ်။ယေဇူးရှင်ကတော့သားတော်ဘုရားဖြစ်တော်မူတယ်။ဤပုံဥပမာအားဖြင့်ယေဇူးသခင်ကထူးခြားတဲ့အမှန်တရားကိုသွန်သင်ပေးတယ်။တစ်နည်းအားဖြင့် ကိုယ်တော်ရှင်ရဲ့စွန့်လွှတ်ပူဇော်ခြင်းကို မီးမောင်းထိုးပြပေးတယ်။ မကြာမီအချိန်မှာ ဘာဖြစ်လာနိုင်မလဲဆိုတာကို ယေဇူးဟာ ကြိုသိနေကြောင်း ထင်ရှားစေတယ်။ ပုံဥပမာအရ လူဆိုးတွေက အမွေခံသားကို သတ်ကြတယ်။ သူ့မျက်မှောက်သိပ်မဝေးလှတဲ့အချိန်တွင်းမှာ ရှိတဲ့အရာကိုယေဇူးဘုရားက ဘယ်သောအခါမှသံသယမရှိခဲ့ဘူး။အသတ်ခံရခြင်းကြောင့်မသေဘူး။ သူသည်ဘာဖြစ်လာနိုင်မလဲ ဆိုတာကိုကြိုသိပြီးလိုလိုလားလားနဲ့စွန့်လွှတ်အသေခံသွားခဲ့ခြင်းသာဖြစ်ပါတယ်။

Daily Reflection