9.10.2023 – 27th Week in Ordinary Time, Monday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလ၊ တနင်္လာနေ့
Luke 10:25-37 - ရှင်လုကာ - ၁၀း၂၅-၃၇ (ကောင်းသောဆာမာရီတန်)
Reflection by Sr. Juliana Komar(SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်ုပ်တို့၏ အိမ်နီးချင်းများအကြောင်းကိုသခင်ခရစ်တော်အားမေးမြန်ခဲ့သော ကျမ်းတတ်ဆရာတစ်ဦး၏ကျေးဇူးကြောင့်အဖြေကိုကောင်းသောဆာမာရီတန်ပုံဥပမာအားဖြင့်ထိမိအောင် ပေးသွားခဲ့ပါတယ်။ဤပုံဥပမာသည်ကျွန်ုပ်တို့၏ စိတ်ထဲတွင် စစ်မှန်တဲ့ခရစ်ယာန်တစ်ဦးရဲ့စိတ်ဓာတ်ကိုပေါ်လွင်စေတယ်။ ချစ်ခြင်းမေတ္တာအကြောင်းကို ကျွန်ုပ်တို့အားလုံး သိကြပါတယ်။တရားစီရင်သည့်နေ့ရက်တွင်ကျွန်ုပ်တို့၏စီရင်ချက်သည် နီးစပ်သူ၊ အကူအညီလိုအပ်နေသူအပေါ်တို့တွင်ကျွန်ုပ်တို့ထားသော စေတနာပေါ်မူတည်နေမည်ကိုလည်း ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ဒါကြောင့်မိမိကိုယ်ကို ဤသို့မေးသင့်ပါတယ်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းများ၊သက်ကြီးရွယ်အိုများ၊ဖျားနာသူများ၊ ဆင်းရဲသားများအတွက်ကောင်းသောဆာမာရီတန် တစ်ဦးဖြစ်ပါသလား။ ဒါမှမဟုတ်သူတို့ကိုသနားစရာကောင်းတဲ့ဆင်ခြင်မှုမျိုးနဲ့ကျော်သွားသလား။“သူတော်ကောင်းဆာမာရီတန်"လို့ခေါ်တဲ့ကက်သလစ်ဘာသာဝင်အတော်များများဟာ ကျွန်ုပ်တို့သခင်ဘုရားရဲ့လောကလူသားအတွက် စိတ်အားထက်သန်မှုနဲ့ဒုက္ခလမ်းစဉ်ကို သိရှိခံစားနေသောအခါ ကိုယ်ချင်းစာတရား ကရုဏာစိတ်ဝင်ပြီးကျွန်ုပ်တို့အတွက်ခံထမ်းတဲ့ဝန်ပေါ့ပါး သက်သာစေဖို့ရန်အတွက်ဘာမဆိုလုပ်ပေးမယ်လို့သံဓိဌာန်ချကြတယ်။ ဤ အငယ်ဆုံးသောသူတစ်ဦးအတွက် မလုပ်ဘဲနေသမျှကာလပတ်လုံး ငါ့အတွက်မလုပ်ခဲ့ဘူးဟုကျွန်ုပ်တို့အား မိန့်တော်မူသောအခါ “ အငယ်ဆုံးသောသူ၊ဆာလောင်မွတ်သိပ်သူ၊ဆင်းရဲနွမ်းပါးသူများသည်ယနေ့သင်တို့၏ ပတ်ဝန်းကျင်အနီးအနားမိသားစု၊အသိုင်းအဝိုင်းတွင်တွေ့နေရပါတယ်။ဒါကြောင့်မှန်ကန်သောစိတ်ရင်းနှင့်ကူညီပေးရန်အတွက် ဘုရားသခင်ကကျွန်ုပ်တို့ကို သင်ပေးသောပုံဥပမာမဟုတ်ဘူးလား။ဘုရားသခင်က ကျွန်ုပ်တို့စွန့်လွတ်အနစ်နာခံမှုကိုကောင်းကြီးပေးနေပါတယ်။ကျွန်ုပ်တို့သည်ကိုယ်တိုင်ပင်ခက်ခဲနေပါစေ၊အလုပ်ရှုတ်ပါစေ၊လိုအပ်သူကိုကူညီ ပေးနိုင်ရန်အခွင့်အရေးရှာဖွေပေးဖို့လိုပါတယ်။ကျွန်ုပ်တို့အားလုံးကောင်းသောဆာမာရီတန်ဖြစ်ဖို့ဖိတ်ခါ်နေပါတယ်။