10.10.2023 – 27th Week in Ordinary Time, Tuesday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလ၊ အင်္ဂါနေ့
Luke 10:38-42 - ရှင်လုကာ - ၁၀:၃၈-၄၂
Reflection by Sr. Juliana Komar(SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ခရစ်တော်နှင့်တပည့်တော်များကိုမာဿနှင့်မာရိယာတို့၏ အိမ်သို့ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့်မာဿသည်အိမ်မှုကိစ္စနှင့်အလုပ်ရှုပ်အာရုံများနေပါတော့သည်။ ညီမဖြစ်သူမာရိယာအား တွက်ကပ်ပြီးတတွတ်တွတ်ပြောသံကိုသခင်ခရစ်တော်အပါအဝင်အားလုံးကြားနေရသည်။ သခင်ခရစ်တော်က မာဿကိုနှိမ်ပြောခြင်းမဟုတ်သလို မာရိယာအားချီးမြှောက်ပြောဆိုခြင်း မဟုတ်ဘဲဘုရားသခင်နှစ်သက်မြတ်နိုးသည့်အရာဖြစ်သည့် ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်း၊ဘုရားသခင်နှင့်အချိန်ပေးခြင်း၊သခင်ဘုရား၏စကားကိုနားထောင်ခြင်းသည်ကျွန်ုပ်တို့၏စိတ်နှလုံးကိုဖွင့်ဟပေးခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့အများစုသည် မာဿအမျိုးအစားဖြစ်ပြီးအလျင်စလိုနှင့်အချိန်ကြာကြီးအလုပ်လုပ်ကြသည်။သူမသည်ခရစ်တောနှင့်တွေ့ရန်၊သူ၏ လိုအပ်ချက်များကို ဂရုစိုက်ရန်၊သူ့ကိုဂုဏ်တင်ရန်အချိန်ပိုအလုပ်ရှုပ်ခဲ့ပါသည်။ဤအရာတွေကဘုရားသခင်နှင့်ပိုပြီးဝေးကွာစေတဲ့အရာဖြစ်သည်။ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ဆုတောင်းရန်၊တွေးတောဆင်ခြင်ရန်၊ သခင်ဘုရားနှင့်သူ၏ဥာဏ်ပညာကို သိမြင်နားလည်သဘောပေါက်ရန်အချိန်ယူရမည်ဖြစ်သည်။ဤယနေ့ကျမ်းစာတော်မြတ်၌ မာဿသည် သခင်ခရစ်တော်ကိုအိမ်တော်သို့လာဖို့ဖိတ်ကြားသည်ထက် သူ့ကိုသာ၍ကောင်းသောအပိုင်းဖြစ်တဲ့ သခင်နှင့်ရင်းနှီးခြင်း ခြေတော်ရင်း၌ထိုင်ကာ ကိုယ်တော်၏စကားကိုနားထောင်ရန်၊အချိန်ယူရန်ခရစ်တော်ကသူမကိုပြန်လည်ဖိတ်ခေါ်သလိုကျွန်ုပ်တို့ကိုလည်း ဤအတိုင်းပြုရန်အလိုရှိပါသည်။