11.10.2023 – 27th Week in Ordinary Time, Wednesday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလ၊ ဗုဒ္ဓဟူးနေ့
Luke 11:1-4 - ရှင်လုကာ - ၁၁:၁-၄ (ခွင့်လွတ်ခြင်း)
Reflection by Sr. Juliana Komar (SCCG)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
တပည့်တော်တွေက“ဆုတောင်းတတ်အောင်သင်ပေးပါ"လို့သခင်ခရစ်တော်ကိုတောင်းဆိုကြပါသည်။တပည့်တော်တွေကသခင်ခရစ်တော်ကိုဆုတောင်းမေတ္တာသင်ပေးဖို့လျှောက်ထားတဲ့အခါ“ကောင်းကင်ဘုံခြေ အဖဘုရားကျွန်ုပ်တို့၏အပြစ်များကိုခွင့်လွတ်တော်မူပါ။ ကျွန်ုပ်တို့မှားယွင်းခဲ့သမျှကိုခွင့်လွတ်တော်မူပါ။”ဟုဆုတောင်းရန်တိုက်တွန်းခဲ့ပါသည်။ ကျွန်ုပ်တို့ပြောသမျှသည်နှလုံးသားအရင်းအမြစ်မှလာသောအမှန်တရားဖြစ်ရသည်။လိမ်လည်၊လျို့ဝှက်ခြင်းမှကင်းစင်ရမည်။ သို့မှသာကျွန်ုပ်တို့ဆုတောင်းသည့်အခါတိုင်းကျွန်ုပ်တို့၏ စိတ်နှလုံးမှခွင့်လွတ်ခြင်း ခံရမည်ဖြစ်သည်။ခွင့်လွတ်ခြင်းမရှိပါကကျွန်ုပ်တို့သည် အတွင်းသဘော၌နာကျင်စေပြီးဘုရားသခင်၏ ခွင့်လွတ်ခြင်းလမ်းကြောင်းကိုလည်းပိတ်ဆို့ထားပါသည်။ခရစ်ယာန်တစ်ဦးသည် အငြိုးထား၊ခွင့်မလွတ်ခြင်းသည်လူသွေးသားကိုသာရှိပြီးဝိညာဉ်တော်နှင့်ဆန့်ကျင်နေသူဖြစ်ပါလိမ့်မည်။သခင်ယေဇူး၏ဝိညာဉ်တော်သည် အစဉ်ခွင့်လွတ်တတ်သောသဘောရှိသည်။အခြားသူများကို တရားမစီရင်ဖို့နှင့်အတိတ်ကနာကျင်စရာတွေပြန်ဆွဲခြင်းမလုပ်ဖို့ သူသတိပေးနေပါသည်။ဤသို့ပြုနိုင်ရန်ကိုယ်တော်၏ ပြသခြင်း၊ခွင့်လွတ်ခြင်းကိုသူတစ်ပါးအပေါ်ပြုနိုင်ရန်ဆုတောင်းရန်လိုသည်။